စနေနေ့မှာ ကစားရတော့မှာပါ။

ယူနိုက်တက်ကတော့ အတ္တလန္တာကို ၂-၂ သရေကျခဲ့ကာ ရော်နယ်ဒိုတစ်ဦးတည်းက နှစ်ဂိုးစလုံးသွင်းယူပေးခဲ့ပြီး အသင်းအတွက် ၁၁ ပွဲကစားပေးအပြီးမှာ ၉ ဂိုးအထိ ရရှိထားခဲ့ပြီဖြစ်ပါတယ်။ 


ဒီတပတ်ကစားရမယ့် မန်ချက်စတာဒါဘီပွဲမတိုင်ခင်မှာ မန်စီးတီးနည်းပြဂွာဒီယိုလာက ရော်နယ်ဒိုနဲ့ပတ်သက်ကာ အသင်းသားတွေကို သတိပေးပြောဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။ ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရမှာဟာ ကြီးမားတဲ့စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဂွာဒီယိုလာက ပြောဆိုလိုက်ပြီး သတိထားဖို့အတွက်ပါ တပ်လှန့်ခဲ့ပါတယ်။ 



စနေနေ့မှာ အိုးထရက်ဖို့ဒ်ကွင်းအတွင်း ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးပါနေတာဖြစ်ပါတယ်။ မန်စီးတီးက ချန်ပီယံလိဂ်မှာ ကလပ်ဘရုဂ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ကတော့ အတ္တလန္တာကို ၂-၂ သရေကျခဲ့ကာ ရော်နယ်ဒိုတစ်ဦးတည်းက နှစ်ဂိုးစလုံးသွင်းယူပေးခဲ့ပြီး အသင်းအတွက် ၁၁ ပွဲကစားပေးအပြီးမှာ ၉ ဂိုးအထိ ရရှိထားခဲ့ပြီဖြစ်ပါတယ်။ 

ဂွာဒီယိုလာက "ယူနိုက်တက်ရဲ့ အတ္တလန္တာပွဲခြေစွမ်းကို ကျွန်တော်မကြည့်ရသေးပါဘူး၊ သူတို့ကစားပုံကို ကြည့်ပြီးတော့ လေ့လာဖို့ရှိပါတယ်၊ သူတို့ဘယ်လောက်ကောင်းမွန်လဲဆိုတာကိုလည်း ကျွန်တော်သိပါတယ်၊ ဒါကို ပြီးခဲ့တဲ့ရာသီမှာ မြင်တွေ့ခဲ့ရပြီးပါပြီ၊ အခုဆို သူတို့မှာ သမိုင်းတလျှောက်အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို ပိုင်ဆိုင်ထားပြီး သူက ဂိုးသွင်းစက်လိုပဲ ဂိုးတွေအများကြီးသွင်းယူနိုင်ပါတယ်" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။ 

ဒီပွဲအတွက် မန်စီးတီးဟာ ပြင်ဆင်ချိန် ၄၈ နာရီသာ ရရှိထားခဲ့ပြီး ယူနိုက်တက်တော့ တရက်ပိုရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂွာဒိယိုလာက "တကယ်လို့ သူတို့က မနက်ဖြန်ကန်ချင်တယ်ဆိုလည်း ကျွန်တော်တို့က ကန်မှာပဲ၊ ပွဲစဉ်ဇယားက ပွဲစဉ်ဇယားပါပဲ၊ အိုးထရက်ဖို့ဒ်မှာ စနေနေ့နေ့လည်တွေ့ကြတာပေါ့" လို့လည်း ထပ်မံပြောကြားသွားခဲ့ကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ 

Share

က္က