စီးတီးအိမ်ကွင်းဟောင်း မိန်းရုဒ်မှာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်အတွင်း ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာဒါဘီရှုံးပွဲအပြီးမှာ မန်ချက်စတာစီးတီးကစားသမားနဲ့ ရှပ်ချင်းလဲလှယ်ခဲ့တဲ့ ဗန် နစ္စတယ်လ်ရွိုင်းကို ဒေါသအကြီးအကျယ်ပေါက်ကွဲခဲ့တယ်လို့ ရီယို ဖာဒီနန်က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်ကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ဖာဒီနန်ရဲ့ မန်ယူနိုက်တက်ကစားသမားဘဝ ပထမဆုံး မန်ချက်စတာဒါဘီမှာ မန်ချက်စတာယူနိုက်တက် စီးတီးအိမ်ကွင်းဟောင်း မိန်းရုဒ်မှာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်အတွင်း ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ရှောင် ဂုတ်တာက ၂ ဂိုး၊ အနယ်လ်ကာက တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အိုလေ ဂန်နာ ဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်အတွက် တစ်ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း ပွဲအပြီးမှာ နော်ဝေတိုက်စစ်မှူးရဲ့ အသင်းဖော်ဟာ အငြင်းပွားဖွယ်အပြုအမူကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဗန် နစ္စတယ်ရွိုင်းလ်ဟာ မန်စီးတီးရှပ်နဲ့အတူ အဝတ်လဲခန်းထဲကို ဝင်လာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ မန်ချက်စတာဒါဘီမှာ အနိုင်ရရှိဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့တဲ့အတွက် ဖာဂူဆန်က ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော်တို့ မိန်းရုဒ်မှာ ရှောင် ဂုတ်တာက ၂ ဂိုးသွင်းပြီး ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တယ်။ အဲဒီပွဲက ကျွန်တော် ပထမဆုံးကစားခဲ့တဲ့ ဒါဘီဖြစ်ပြီး ပွဲအပြီး အဝတ်လဲခန်းထဲမှာ ဒီပွဲက ဘယ်လောက်အထိ ကြီးမားလဲဆိုတာကို ကျွန်တော် သိသွားခဲ့တယ်။ ကျွန်တော်တို့ အဝတ်လဲခန်းထဲကို ဝင်လာခဲ့ပြီး နည်းပြက တံခါးကို ပိတ်လိုက်တယ်။ အခန်းထဲမှာ တိတ်ဆိတ်နေခဲ့ပြီး ရုတ်တရက်ဆိုသလိုပဲ သူ ထပေါက်ကွဲခဲ့တယ်"

"အဲဒီအချိန်တုန်းက ဘရားသခင် ဖြစ်နေခဲ့တဲ့ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းက စီးတီးရှပ်ကို လက်က ကိုင်ပြီး ဝင်လာခဲ့တယ်။ ကျွန်တော် မှတ်မိသေးတယ်။ ဖာဂူဆန်က သူ့ကို လုံးဝ ဒေါသတကြီးကို ပြောဆိုခဲ့တယ်။ သူက သူ့ကို 'စီးတီးရှပ်နဲ့ မင်းတို့ထဲက ဘယ်သူမဆို လမ်းလျှောက်လာတာ မြင်ခဲ့ရင် ဒီအသင်းအတွက် မင်းတို့ ထပ်ကစားရတော့မှာမဟုတ်ဘူး'လို့ ပြောခဲ့တယ်။ သူက အဲဒီအတိုင်း ဖြစ်ခဲ့ပြီး သူ စိတ်ဆိုးနေခဲ့တယ။် ကျွန်တော် အဲဒီမှာ ထိုင်ခဲ့တဲ့အချိန်မှာ တွေးမိခဲ့တာက 'ဒါက ပွဲကြီးတစ်ပွဲပဲ။ ဟုတ်တယ်မလား'ဆိုပြီးတော့ပါ။ အဲဒီပွဲမတိုင်ခင်က မသိခဲ့ဘူး။ အဲဒီကိစ္စအပြီးကတည်းက ခင်ဗျား အနိုင်ပိုရတာ ဒါမှမဟုတ် အနိုင်သိပ်မရတာပဲဖြစ်ဖြစ် ဒါဘီပွဲရှိတဲ့ အပတ်က အသေအကြေပဲဆိုတာကို သိခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က