ဒီနေ့မှာ မန်ချက်စတာဒါဘီပွဲ ကစားမှာပါ။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ဒီနေ့ကစားမယ့် မန်ချက်စတာဒါဘီပွဲကို သူကြည့်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာမင်ဂမ်နည်းပြအဖြစ် တာဝန်ယူနေတဲ့ ရွန်နီဟာ အသင်းဟောင်းရဲ့ ပွဲကို လက်လွှတ်ခံမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့သလို မန်စီးတီးကိုလည်း အသင်းလေးသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ဒီနေ့ပွဲမှာ မန်စီးတီးကသာ အနိုင်ရဖို့ ပိုမိုရေပန်းစားနေတာဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရလည်း မန်စီးတီးက အသာရနေသလို ကစားသမားတဦးချင်းစီရဲ့ ခြေစွမ်းကလည်း သာလွန်နေတာကြောင့် မန်စီးတီးသာ အနိုင်ရမယ်လို့ ထင်ကြေးပေးနေတာပါ။

ဒါပေမယ့်လည်း ရွန်နီက "ဒီနေ့ မန်ချက်စတာဒါဘီပွဲကို ကျနော်ကြည့်သွားမှာပါ၊ မန်စီးတီးဆိုတာက အမြဲတမ်း အသင်းလေးပါပဲ၊ ပြီးခဲ့တဲ့နှစ်တွေမှာ အောင်မြင်ခဲ့တာတွေက အတိတ်ကိုမေ့ပစ်လို့မရပါဘူး၊ မန်ချက်စတာက အမြဲတမ်းအနီရောင်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကတော့ ယူနိုက်တက်က သူတို့ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်းတွေ့ဆုံတိုင်းမှာတော့ အကြိတ်အနယ်ရှိပြီး အထူးသဖြင့် အိုးထရက်ဖို့ဒ်မှာတော့ ပိုပြီးအကြိတ်အနယ်ရှိနေခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်အနိုင်ရရှိထားကာ စိတ်ဓာတ်ပိုင်းအရတော့ အားကောင်းနေတဲ့အချိန်လည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က