အီဒါဆန်က ပြိုင်ဘက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်မှာတော့ အငြင်းပွားစရာ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် (၁၆) မိနစ်မှာ နော်တင်ဟမ်ဖောရက်စ်တို့ ပင်နယ်တီရသင့်တဲ့ အခွင့်အရေးတစ်ကြိမ်ရှိခဲ့တာပါ။



ဂိုးဧရိယာထဲ ရောက်လာတဲ့ ဘောလုံးကို လေထဲမှာ အပြိုင်ယှဉ်လုရင်း အီဒါဆန်က နော်တင်ဟမ်ဖောရက်စ် နောက်ခံလူ ဘိုလီကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ ဘောလုံးကိုတော့ ရှေ့ကနေ အကန်ဂျီက ရှင်းထုတ်ပစ်ခဲ့ပြီး ဒီဖြစ်ရပ်က ပင်နယ်တီပေးသင့်တယ်လို့ ဆိုနေကြပါတယ်။


အီဒါဆန်ဟာ ဘောလုံးမရှိဘဲ ဘိုလီကို ဝင်တိုက်ခဲ့တာဖြစ်ပြီး ပင်နယ်တီမပေးခဲ့ရတာက မန်စီးတီးအတွက် သက်သာရာရစေခဲ့ပါတယ်။ စနေနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဘန်လေပွဲမှာတော့ ယူနိုက်တက်ဂိုးသမား အိုနာနာက အလားတူဖြစ်ရပ်မျိုးကနေ ပင်နယ်တီပေးခဲ့ရတာပါ။

အဲ့ဒီအချိန်မှာ ယူနိုက်တက်က တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်ထားပေမယ့် ဒီဖြစ်ရပ်ကြောင့် နောက်ကျပင်နယ်တီကို ခွင့်ပြုလိုက်ရပြီး ယူနိုက်တက်တို့ တစ်ဂိုးစီ သရေနဲ့သာ အိမ်ကွင်းမှာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် မနေ့ညက မန်စီးတီးကိုတော့ ဒီဖြစ်ရပ်အတွက် ပင်နယ်တီမပေးခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေကတော့ ဒိုင်တွေရဲ့ မတည်ငြိမ်တဲ့ ဆုံးဖြတ်ချက်တွေအတွက် ဝေဖန်ပြစ်တင်မှုတွေရှိနေပါတယ်။ မြို့ခံပြိုင်ဘက်အသင်းချင်း အတူတူဆိုရင်တောင် မန်စီးတီးကျ သက်သာရာရပြီး ယူနိုက်တက်ကတော့ လိုအပ်တာထက် ဖိနှိပ်ခံနေရတယ်လို့ ပရိသတ်တွေက ဝေဖန်နေကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က