နောက်ပြောင်ကျီစယ်သွားခဲ့တာပါ။

အိုးထရက်ဖို့ဒ်ကွင်းအတွင်း ဟဲဗီးဝိတ်ပွဲတစ်ပွဲလောက်ထိုးဖို့ ဆန္ဒရှိတယ်လို့ ဖြူရီက ဖွင့်ဟခဲ့ကာ သူတို့နှစ်ယောက်အတွက်တော့ မန်ချက်စတာမြို့က ကျဉ်းလွန်းတယ်လို့ ဆိုခဲ့ပါတယ်။ 


မန်ချက်စတာရဲ့ နံပါတ်တစ်ဆွဲဆောင်မှုအရှိဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုအရယူဖို့အတွက် အိုးထရက်ဖို့ဒ်မှာ ရော်နယ်ဒိုကို အလဲထိုးဖို့ သူ့ဘက်ကအသင့်ရှိနေတယ်လို့ ဗြိတိန်လက်ဝှေ့အကျော်အမော်တိုင်ဆန်ဖြူရီက နောက်ပြောင်ပြောဆိုလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းအတွင်း ဟဲဗီးဝိတ်ပွဲတစ်ပွဲလောက်ထိုးဖို့ ဆန္ဒရှိတယ်လို့ ဖြူရီက ဖွင့်ဟခဲ့ကာ သူတို့နှစ်ယောက်အတွက်တော့ မန်ချက်စတာမြို့က ကျဉ်းလွန်းတယ်လို့ ဆိုခဲ့ပါတယ်။ 



ရော်နယ်ဒိုကတော့ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် မန်ချက်စတာမှာ ရေပန်းအစားဆုံးသူဖြစ်နေတာပါ။ မန်ချက်စတာမှာ မွေးဖွားခဲ့တဲ့ ဖြူရီကတော့ လာမယ့်စနေနေ့မှာ သူ့ရဲ့ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဒီအွန်တေဝိုင်လ်ဒါနဲ့ တတိယအကြိမ်မြောက်ထိုးသတ်ဖို့ရှိနေပြီး အဆိုပါပွဲကိုတော့ Las Vegas မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 


၁၉၉၃ ခုနှစ်က အိုးထရက်ဖို့ဒ်ကွင်းအတွင်း ပရိသတ်ပေါင်း ၄၂၀၀၀ ရှေ့မှာ Chris Eubank-Nigel Benn တို့ ထိုးသတ်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ လုံးဝထိုးသတ်ပွဲမရှိခဲ့ဘဲ Sunsport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဖြူရီက "ကျွန်တော် ထိုးသတ်ဖို့ ၂ ပွဲကျန်သေးတယ်၊ ဒါပေမယ့်လည်း မန်ချက်စတာကို ချန်ပီယံခါးပတ်ပြန်သယ်ဆောင်သွားမှာပါ၊ အိုးထရက်ဖို့ဒ်မှာ ထိုးသတ်ခွင့်ရဖို့က ကျွန်တော့်ရဲ့ အမြဲတမ်းအိပ်မက်တစ်ခုပါပဲ"

"နောက်ဆုံးထိုးခဲ့တာက ၁၉၉၃ တုန်းက Eubank နဲ့ Benn တို့ပွဲပါ၊ အရမ်းကြီးကျယ်ခမ်းနားပါတယ်၊ အိုးထရက်ဖို့ဒ်ကို ရော်နယ်ဒိုပြန်ရောက်လာတာ ကျွန်တော်အရမ်းပျော်မိတယ်၊ ဒါပေမယ့် သူနဲ့ကျွန်တော် နှစ်ယောက်စလုံးအတွက်တော့ ဒီမြို့က နေရာမလောက်ဘူး၊ မန်ချက်စတာမှာသာ ကျွန်တော်နေရင် ဒါက ပြသနာဖြစ်လာမှာ၊ ဒါပေမယ့် မန်ချက်စတာနဲ့ တစ်နာရီလောက်သွားရတဲ့ Morecambe မှာ ကျွန်တော်နေလို့ သူ ကံကောင်းသွားတယ်" လို့ နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။ 


Share

က္က