ဝိန်းရွန်နီကို သဘောအကျဆုံးလို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်​ေးဆာင် ကင်ဂျုံအမ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ အီတလီလွှတ်တော်အမတ်ဟောင်းတဦးဖြစ်သူအန်တိုနီယိုရာဇီက ဖွင့်ဟခဲ့တာလည်းဖြစ်ပြီး ကင်ဂျုံအမ်နဲ့ သူနဲ့ ပုဂ္ဂိုလ်ရေးစကားပြောဆိုခဲ့စဉ်က ယူနိုက်တက်ကို အားပေးသူဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း ဆိုပါတယ်။ 

အသက် ၃၉ နှစ်ရှိပြီလို့ ယူဆရတဲ့ ကင်ဂျုံအမ်ဟာ အိုးထရက်ဖို့ဒ်ကလပ်ကို နှစ်ကာလရှည်အားပေးခဲ့သူဖြစ်ပြီး အင်္ဂလန်နဲ့ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်းဝိန်းရွန်နီကို အရူးအမူးအားပေးသူဖြစ်တယ်လို့လည်း Sportsbible က ဖော်ပြခဲ့ပါတယ်။ သတင်းရင်းမြစ်တွေအရ ၂၀၁၄ ခုနှစ်မှာ မြောက်ကိုရီးယားအာဏာရှင်က နိုင်ငံပိုင်ရုပ်သံတွေကနေ မန်ချက်စတာယူနိုက်တက်အသင်းပွဲစဉ်တွေကို ထုတ်လွှင့်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ အန်တိုနီယိုရာဇီက ဗြိတိန်သတင်းစာ The Sun ကို ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကင်ဂျုံအမ်က သူ့ကိုယ်သူ ယူနိုက်တက်ကစားသမားတွေနဲ့ နှိုင်းယှဉ်တာမျိုးတော့ မပြုလုပ်ခဲံဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းကို မေးမြန်းခဲ့ရာမှာ ရာဇီက "မခိုင်းနှိုင်းဘူး၊ ကင် က ကင်ပဲ၊ သူကသာလျင် တဦးတည်းသောသူပဲ" လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ကင်ဂျုံအ်က မြောက်ကိုရီးယားဘောလုံးသမား Han Kwang-song က ထင်ပေါ်ကျော်ကြားလာခဲ့ချိန်မှာ သူ့ တိုင်းပြည်က အရည်အသွေးရှိကစားသမားတွေကို ပရီးမီးယားလိဂ်မှာ သွားရောက်ကစားစေလိုတဲ့ ဆန္ဒရှိတယ်လို့လည်း ရာဇီက ထပ်မံပြော ကြားခဲ့ပါတယ်။

Han Kwang-song ကတော့ မြောက်ကိုရီးယားရဲ့ အံ့အားသင့်ဖွယ်ရာကစားသမားလို့ ကျော်ကြားခဲ့ပြီး ဂျူဗင်တပ်စ်လူငယ်အသင်း၊ အဲဒီကမှ ဂျူဗင်တပ်စ်အသင်းကြီးအထိရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ ကာတာကလပ် အယ်လ်ဒူဟေးမှာ ကစားနေပါတယ်။ 

Share

က္က