ယူနိုက်တက်ရယူနိုင်ခဲ့တဲ့နည်းလမ်း၊ ပုံစံမျိုးကို လိုက်မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

ယူနိုက်တက်ရဲ့ နာမည်ကျော်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက သူတို့ခေတ်တုန်းက ရယူနိုင်ခဲ့တဲ့ ဖလားသုံးလုံးစံချိန်ကို မန်စီးတီးက ဘယ်တော့မှ ယှဉ်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ၁၉၉၉ တုန်းက ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို တပြိုင်တည်းရယူနိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလန်ကလပ် ဖြစ်လာခဲ့ပါတယ်။ 

လာမယ့် စနေနေ့မှာ မန်စီးတီးက အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ ဖလားသုံးကြိမ်စံချိန်ကို လိုက်မီမှာဖြစ်ပါတယ်။ ဒီလိုသာဖြစ်လာခဲ့ရင် ဘယ်အသင်းက ပိုကောင်းမလဲဆိုတဲ ငြင်းခုံမှုတွေ ရှိနေပြီး သမိုင်းဝင်အခိုက်အတန့်ထဲမှာ ပါဝင်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်းကတော့ သူ့ရဲ့ အသင်းဟောင်းကို လိုက်မမီလို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။ 

"အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့အားလုံး သဘောထားကွဲလွဲနေကြပါတယ်၊ ဖလား ၃လုံးကို ရယူနိုင်တာက ဘယ်အသင်းအတွက်မဆို ထူးခြားပါတယ်၊ ဒါပေမယ့် ဒါကို ပထမဆုံးအကြိမ် အောင်ပွဲခံနိုင်တဲ့အသင်းက ကျနော်တို့ရဲ့ ယူနိုက်တက်ပဲ ရှိပါတယ်၊ ရိုးရိုးသားသားပြောရရင် ဒီမှတ်တမ်းကို ဖန်တီးခဲ့သူတွေထဲက တဦးအဖြစ်နဲ့ ကျနော်ခံစားခဲ့ရတာက အံ့အားသင့်ဖို့ကောင်းပါတယ်"

"ဒီဖလားကို ကျနော်တို့က အကယ်ဒမီကစားသမားတွေနဲ့ပဲ ရယူနိုင်ခဲ့တာပါ၊ ဒါကြောင့် ကျနော်တို့ အနိုင်ရရှိခဲ့တဲ့ နည်းလမ်းမျိုး၊ ကျနော်တို့လိုမျိုး ပထမဆုံးရယူနိုင်တဲ့ စံချိန်ကို နောက်ထပ် ဘယ်သူကမှ မရယူနိုင်တော့ပါဘူး" လို့ ဘက်ခမ်းက ပြောဆိုခဲ့ကာ သူတို့ရဲ့ ဖလားသုံးလုံးစံချိန်က ပိုပြီး ကြီးမားတယ်လို့ ဆိုခဲ့ပါတယ်။ 

မန်စီးတီးဟာ သူတို့အတွက် ဒုတိယမြောက်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားရမှာဖြစ်ပြီး ပထမတကြိမ်တုန်းကတော့ ချယ်လ်ဆီးကို အရေးနိမ့်ခဲ့ပါတယ်။ အင်တာမီလန်ကတော့ ၃ ကြိမ်အထိ ဆုဖလားရယူထားနိုင်ပြီး ဒီတကြိမ်က ၄ ကြိမ်မြောက်ဗိုလ်စွဲဖို့ အခွင့်အရေးဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က