ဂိုးမုန်တိုင်းတိုက်တယ်ဆိုတာ ဒါမျိုးလားမသိဘူး။

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးသစ် ဟာလန်းကတော့ ဒီနေ့မနက်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းပွဲမှာ အသင်းသစ်အတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်ကလပ်အတွက် ပထမဆုံးပွဲကို ဟာလန်းက ကစားပေးခဲ့ရာမှာ ပြိုင်ဘက်က သူ့ရဲ့ ပြိုင်ဘက်ဟောင်းကြီး ဘိုင်ယန်မြူးနစ်ဖြစ်နေခဲ့ပြီး ဟာလန်းအတွက်တော့ ဂိုးတဂိုးရဖို့က အခက်အခဲမရှိခဲ့ပါဘူး။ 

ပွဲကစားချိန် ၁၂ မိနစ်မှာ ဟာလန်းက အနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် အဖွင့်ဂိုးကို ရရှိစေခဲ့ပါတယ်။ ကစားသမားဘ၀ကို တပွဲကို တဂိုးနှုန်းသွင်းယူထားပြီး ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးအဖြစ်ရှိနေခဲ့တဲ့ ဟာလန်းက သူ့ရဲ့ထုံးစံအတိုင်း အသင်းသစ်နဲ့ဆိုရင် အစောပိုင်းပွဲတွေမှာ ဂိုးမြူးလေ့ရှိတဲ့ အစဉ်အလာကို ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ 



ကံဆိုးတာကတော့ ဟာလန်းဂိုးသွင်းပြီး သိပ်မကြာခင်မှာပဲ မုန်တိုင်းကြောင့် မိုးတွေရွာခဲ့ပြီး ရာသီဥတုဆိုးရွားနေခဲ့တာကြောင့် ပွဲကိုရပ်ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။ ရာသီကြိုခြေစမ်းပွဲအဖြစ် အသင်းကြီးနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုကို ကြည့်ရှုဖို့ အားခဲထားတဲ့ ပရိသတ်တွေအတွက်လည်း ရာသီဥတုနှောင့်ယှက်မှုက စိတ်ပျက်စရာကောင်းစေခဲ့ပါတယ်။ (ဒါပေမယ့် ပွဲကိုတော့ သိပ်မကြာခင်မှာပဲ ပြန်လည်ပြီး ကစားနိုင်ခဲ့ပါတယ်)

ပရိသတ်တွေကတော့ ဟာလန်းရဲ့ သွင်းဂိုးကြောင့် မုန်တိုင်းပါဝင်ခဲ့တယ်လို့ နောက်ပြောင်နေကြပါတယ်။ ဂိုးမုန်တိုင်းထန်တော့မယ့် ဟာလန်းအတွက် တကယ့်မုန်တိုင်းအစစ်က ကြိုဆိုခဲ့တာဆိုရင်လည်း မမှားပါဘူး။ ဟာလန်းဟာ ကလပ်အမေရိကနဲ့ကစားခဲ့တဲ့ပွဲမှာတော့ ပါဝင်ခဲ့ခြင်းမရှိဘဲ ဒီပွဲမှာမှ မန်စီးတီးအတွက် ပထမဆုံးပွဲကို ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ 

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ နော်ဝေတိုက်စစ်မှူးဟာ နော်ဝေကလပ် မိုလ်ဒီနဲ့အတူ စတင်ထင်ရှားလာခဲ့ပြီး အရပ်အမြင့် ၆ ပေနဲ့ ၅ လက်မအထိ ရှိသူဖြစ်ပါတယ်။ ၂၀၁၉ လူငယ်ကမ္ဘာ့ဖလားပွဲအဖြစ် ဟွန်းဒူရပ်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ တဦးတည်း ၉ ဂိုးသွင်းခဲ့ပြီးနောက် သူ့နာမည်က လူပိုသိများလာခဲ့ပြီး ဆဲဘာ့ဂျ်မှာလည်း ထင်ပေါ်ခဲ့ကာ ဒေါ့မွန်ကိုရောက်ရှိချိန်မှာတော့ ထိပ်တန်းတိုက်စစ်မှူးတဦးအဖြစ် ပိုမိုပီသလာခဲ့ပြီး ဒီနွေရာသီမှာ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က