မန်စီးတီးက ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါပြီ။

ချန်ပီယံဖြစ်ပြီးသား မန်စီးတီးကတော့ ဒီပွဲမှာ အဓိက,ကစားသမား အများအပြားကို အနားပေးပြီး ဗိုလ်လုပွဲနှစ်ပွဲအတွက်သာ လူချန်ကစားခဲ့ပါတယ်။ ဟာလန်း၊ ဒီဘရိုင်း၊ အီဒါဆန်၊ ရိုဒရီဂို၊ ဒီယက်စ်၊ ဂွန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့ အားလုံးကို အနားပေးခဲ့ပြီး အရန်ခုံမှာထိုင်နေတဲ့ သူတို့ကစားသမားတွေရဲ့ တန်ကြေးက ပေါင်သန်း (၅၀၀) နီးပါးရှိခဲ့ပါတယ်။



ပွဲထွက်ကစားသမားစာရင်းမှာတော့ တိုက်စစ်ကို အယ်လ်ဗာရက်ဇ်က ဦးဆောင်လာခဲ့ပြီး ကီဗင်ဖီးလစ်၊ ဆာဂျီဂိုးမက်ဇ်၊ ရီကိုလူးဝစ်၊ ပါးလ်မားနဲ့ ဂိုးသမားနေရာမှာ အော်တီဂါတို့ ပါဝင်လာခဲ့ပါတယ်။ ချဲလ်ဆီးကတော့ လူးဝစ်ဟောလ်ကို ပွဲထုတ်လာခဲ့ပြီး ဂယ်လာဂါ၊ စတာလင်၊ ဟာဗက်ဇစ်တို့နဲ့ ဘာမှ စိတ်ဝင်စားစရာမရှိခဲ့ပါဘူး။

ပွဲကစားချိန် (၁၂) မိနစ်မှာပဲ ချဲလ်ဆီးနောက်တန်းက ဖိုဖာနာရဲ့ လူပေးမှားမှုကတစ်ဆင့် ပါးလ်မားခင်ပေးလိုက်တာကို အယ်လ်ဗာရက်ဇ်က အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီဂိုးမှာ ချဲလ်ဆီးနောက်တန်းက ဝါရင့်နောက်ခံလူကြီး သီယာဂိုဆေးလ်ဗားကလည်း အယ်လ်ဗာရက်ဇ်ကို ထိရောက်တဲ့ ဟန့်တားမှုမျိုး မလုပ်နိုင်ခဲ့ဘဲ အားနည်းချက်တွေရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ မန်စီးတီးကလည်း သာမန်ပဲ ပွဲကို ထိန်းကစားခဲ့ပြီး ချဲလ်ဆီးကလည်း အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အယ်လ်ဗာရက်ဇ် နောက်တစ်ဂိုးသွင်းသေးပေမယ့် ဖန်တီးပေးခဲ့တဲ့ မာရက်ဇ်က ဘောလုံးကို လက်နဲ့ထိန်းလာတာကြောင့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ချဲလ်ဆီးကလည်း မူဒရစ်၊ မာဒူကီတို့ကို ထည့်ကစားခဲ့သလို မန်စီးတီးကလည်း ဟာလန်း၊ ရိုဒရီ၊ ဒီဘရိုင်းတို့ကို ထည့်သွင်းကစားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲရလဒ်က အပြောင်းအလဲမရှိခဲ့ဘဲ မန်စီးတီးတို့ ချဲလ်ဆီးကို ၁-၀ ဂိုးနဲ့ အနိုင်ယူကာ အီတိဟတ်ကွင်းကြီးထဲမှာ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။ ဂွါဒီယိုလာကတော့ ပရီးမီးယားလိဂ် လက်ကျန်ပွဲ နှစ်ပွဲလုံးကိုလည်း ဒီလိုမျိုး လူစာရင်းနဲ့ပဲ ပွဲထုတ်ဖို့ရှိပြီး ယူနိုက်တက်နဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ၊ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေအတွက် အဓိက,ကစားသမားတွေကို အနားပေးသွားတော့မှာပါ။ 

Share

Loading Next Article...
က္က