ဒါဝင်နူးနက်ဇ် ပွဲထွက်ခွင့်မရနိုင်ကြောင်း ကလော့ပ်က အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်တယောက် ဒီကနေ့ညနေမှာ ကစားမယ့် ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ပွဲထွက်ခွင့်မရနိုင်ကြောင်း နည်းပြ ယာဂင်ကလော့ပ်က ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ သူတို့အတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် ညနေ (၆) နာရီမှာ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲအဖြစ် ရင်ဆိုင်ကစားရမှာပါ။



ပြီးခဲ့တဲ့စနေညက လီဗာပူးက မန်စီးတီးကို ကွန်မြူနတီဒိုင်းမှာ ၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာ လီဗာပူးအတွက် ပွဲသိမ်းဂိုးကို နူးနက်ဇ်က လှလှပပခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ နူးနက်ဇ်ဟာ ရာသီကြိုခြေစမ်းပွဲမှာ လိုက်ပ်ဇစ်ဘက်ကို တယောက်တည်း လေးဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒီမတိုင်ခင်ပွဲတွေမှာ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နူးနက်ဇ်ရဲ့ ကစားပုံကလည်း ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ အချိန်လိုအပ်သေးကြောင်းလည်း ပရိသတ်အချို့က သုံးသပ်နေပါတယ်။ ဖူလ်ဟမ်နဲ့ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း ကလော့ပ်က “နူးနက်ဇ်အတွက် ကိစ္စအများကြီးနဲ့ အသားကျဖို့ဆိုတာ အချိန်လိုအပ်ပါသေးတယ်။ ဒါပေမယ့် သူက ကျနော်တို့အသင်းအတွက်လည်း တကယ့်ကို အကူအညီကောင်းတခုဖြစ်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ဒီကနေ့ပွဲမှာတော့ ကလော့ပ်က တိုက်စစ်မှာ ဆာလာ၊ ဖေမီနို၊ ဒီယက်ဇ်တို့အတွဲကိုသာ ပွဲထုတ်လာဖွယ်ရှိပြီး နူးနက်ဇ်ကတော့ အရံခုံမှာသာ ထိုင်နေရဖွယ်ရှိပါတယ်။ လီဗာပူးဟာ တိုက်စစ်မှာ မာနေးကို လက်လွှတ်ခဲ့ရပြီး ဒီအတွက် နူးနက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) နဲ့ ပြန်လည်ခေါ်ယူထားတာဖြစ်ပါတယ်။

နူးနက်ဇ်အနေနဲ့ ပွဲထွက်ခွင့်မရရှိသေးသည့်တိုင် အရံကစားသမားအဖြစ်တော့ သေချာပေါက် လူစားဝင်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေမှာ ဒီဥရုဂွေးတိုက်စစ်မှူးအနေနဲ့ အသင်းအတွက် ပုံစံကောင်းပြသပြီး ဂိုးသွင်းယူနိုင်ဖို့ လိုအပ်ကာ နည်းပြ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို သိမ်းပိုက်နိုင်ဖို့ လိုအပ်ပါတယ်။ 

Share

Loading Next Article...
က္က