မန်စီးတီးက ပြိုင်ဘက်တွေထံ ကစားသမားတွေ ရောင်းချခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ အဓိက,ကစားသမားတွေကို ပြိုင်ဘက်အသင်းတွေထံ ရောင်းချခဲ့တာနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ မန်စီးတီးဟာ ဂျေးဆု၊ ဇင်ချန်ကို၊ စတာလင်၊ ကိုးပါးလ်မားတို့ကို အဓိကပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးတို့ထံ ရောင်းချခဲ့ပါတယ်။



အချို့အသင်းတွေဟာ သူတို့ရဲ့ အဓိက,ကစားသမားတွေကို ပြည်တွင်းက အဓိကပြိုင်ဘက်တွေထံ တတ်နိုင်သလောက် ရောင်းချလေ့မရှိပါဘူး။ ဒါပေမယ့် မန်စီးတီးကတော့ သူတို့တောင်းဆိုတဲ့ တန်ကြေးရတာနဲ့ ဒီကစားသမားတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဂွါဒီယိုလာက “ကျွန်တော့်ဘက်က ကြည့်ရင်တော့ ကျွန်တော်က အသင်းကို ကိုယ့်ရဲ့ ထင်မြင်ချက်ပေးရပါတယ်။ အဲ့ဒီနောက်မှာမှ အသင်းဘက်က ဒီအပြောင်းအရွှေ့ကို နှစ်သင်းစလုံးအတွက်ရော၊ ကစားသမားအတွက်ရော အဆင်ပြေမလား ဆုံးဖြတ်ရပါတယ်။ ဒါက ဘယ်တုန်းကမှ ပြဿနာမဖြစ်ခဲ့ပါဘူး”
“ဒါမျိုးက အသင်းငယ်လေးတွေမှာပဲ ပြဿနာရှိတာပါ။ အသင်းကြီးတွေကတော့ သုံးဖက်စလုံးအတွက် တစ်ခါတလေ အေးဂျင့်တွေအတွက်ပါ အကျိုးရှိတယ်ဆိုရင် ဒီအပြောင်းအရွှေ့ကို လုပ်ပါတယ်။ တကယ်ကို ဘာပြဿနာမှ မရှိတဲ့ ကိစ္စပါ။ ဒီတော့ သူတို့တွေ ချဲလ်ဆီး ဒါမှမဟုတ်​ ယူနိုက်တက်၊ လီဗာပူးတို့ကို ပြောင်းချင်ရင် အဲ့ဒီမှာ ပျော်မယ်ဆိုရင် အသင်းဘက်ကလည်း အဆင်ပြေပါတယ်”
“တခြား ကစားသမားက သူတို့နေရာကို ပြန်အစားထိုးမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပုံစံကို ဆက်ထိန်းသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီနေ့ည ချဲလ်ဆီးနဲ့ အဝေးကွင်းမှာ ကစားရမှာဖြစ်ပြီး ပါးလ်မား၊ စတာလင်တို့လို ကစားသမားဟောင်းတွေနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က