မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဝိန်းရွန်နီက လာမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားရုံတင်မဟုတ်ဘဲ ချေမှုန်းပစ်တဲ့အဆင့်အထိ လုပ်ပစ်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီပွဲကိုတော့ လာမယ့် မေလ ၁၀ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။
မန်စီးတီးကတော့ ဒီရာသီမှာ အဓိကဆုဖလား ၃ လုံးကို တပြိုင်တည်းရယူနိုင်တဲ့ အခွင့်အရေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အမှတ်ပေးဖလားအတွက်လည်း အာဆင်နယ်ကို ၄ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲရောက်ရှိနေကာ မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားအတွက် ရီးရဲလ်ကို ကျော်ဖြတ်ရမှာလည်း ဖြစ်ပါတယ်။
ရွန်နီက "တကယ်လို့သာ မန်စီးတီးက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် သူတို့က ၁၉၉၉ တုန်းက ယူနိုက်တက်လိုအသင်းမျိုးလို့ သတ်မှတ်ရမှာပါပဲ၊ ၂၀၀၈ တုန်းက ကျနော်တို့အသင်းကလည်း ခမ်းနားကြီးကျယ်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း မန်စီးတီးလုပ်နေတာတွေက ကျနော်တို့ထက်ကို ပိုပါတယ်၊ သူတို့ မက်ဒရစ်ကို အနိုင်ရမှာပါ"
"သူတို့က ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားရုံတင်မဟုတ်ပါဘူး၊ အမှုန့်ပါကြိတ်ပစ်မှာပါ" လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ရွန်နီဟာ မြို့ခံပြိုင်ဘက်အသင်းဟောင်းကို အထင်ကြီးနေတာဖြစ်ပြီး ချန်ပီယံလိဂ်ဘုရင်ကြီးကို ကျော်ဖြတ်နိုင်မယ်လို့ အခိုင်အမာပြောဆိုခဲ့တာပါ။ သူ ပြောသလိုဖြစ်လာမလားဆိုတာကတော့ မကြာခင်မှာ အဖြေပေါ်လာတော့မှာဖြစ်ပါတယ်။