သူ့ကစားသမားတွေရဲ့ အပြုအမူတွေကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

မန်စီးတီးကို ၆-၃ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ သူ့အသင်းသားတွေရဲ့ ပုံစံကို သဘောမကျဘူးလို့ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်က ပွဲအပြီးအင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ ဟက်ထရစ်သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ ကြီးမားတဲ့ဂိုးပြတ်ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပြီး ၃ ဂိုးပြန်ရခဲ့လို့သာ အနည်းငယ်သက်သာရာ ရသွားခဲ့တာပါ။ 

Sky Sports , BBC တို့နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တန်ဟက်ဂျ်က ဩဂုတ်လအတွင်း ဘရန်ဖို့ဒ်ကို အရေးနိမ့်ခဲ့တဲ့ပွဲက ပုံစံနဲ့ တူညီတယ်ဆိုတဲ့အချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ကစားသမားတွေရဲ့ ဒီပွဲကိုကစားဖို့ ယုံကြည်မှုပိုင်းအားနည်းနေခဲ့တာကိုတော့ ထောက်ပြပြောဆိုသွားပြီး ကစားသမားတွေနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်သွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

"တိုက်ပွဲမဝင်ချင်ဘူးဆိုရင်၊ အဲဒါကို ကျနော်တို့မလုပ်ချင်ဘူးဆိုရင် မန်စီးတီးလိုအသင်းနဲ့ကစားချိန်မှာ ပြသနာတက်မှာပဲ၊ ဘရန်ဖို့ဒ်နဲ့ပွဲနဲ့ ဒီနေ့ပွဲက မတူပါဘူး၊ ဒီနေ့ပွဲမှာ ကျနော်တို့ထွက်မပြေးခဲ့ဘူး၊ ဒီနေ့ပွဲကို အကောင်းဆုံးကစားချင်ခဲ့ပေမယ့်လည်း  ယုံကြည်ချက်ကင်းမဲ့သွားခဲ့ပါတယ်၊ ဘရန်ဖို့ဒ်ပွဲနဲ့တော့ ခင်ဗျားနှိုင်းယှဉ်လို့မရဘူးထင်တယ်"

"ကျနော်တို့ လိုက်နာရမယ့်အရာတွေကို မလုပ်နိုင်ခဲ့ဘဲ ယုံကြည်ချက်ကင်းမဲ့သွားခဲတ့ာပါ၊ မနက်ဖြန်ကျရင် ကျနော်တို့ခြေထောက်ရှေ့မှာ ဘောလုံးရှိရင် ဘာလုပ်နိုင်မလဲဆိုတာ သူတို့ကို ကျနော်ရှင်းပြသွားမယ်၊ ပထမဂိုးမှာဆိုရင် ကျနော်တို့က ဘောလုံးကို အနိုင်ရယူနိုင်ခဲ့သလို အခွင့်အရေးလည်းဖန်တီးနိုင်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး၊ ဒါက လက်ခံနိုင်စရာမရှိပါဘူး"

"ကွင်းထဲကို ကျနော်တို့ ဘာမှမယူဆောင်လာနိုင်ခဲ့တာကို အံ့အားသင့်မိပါတယ်၊ မတူကွဲပြားတဲ့ အသင်းတသင်း၊ စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရပြီး ယုံကြည်မှုရှိပုံလည်းမပေါ်ခဲ့ဘူး၊ ကျနော်ကစားသမားတွေနဲ့ စကားပြောပြီး ဘာကြောင့်လဲဆိုတာကို အဖြေရှာသွားမှာပါ" လို့ တန်ဟက်ဂျ်က ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က