အသင်းဟောင်းလီဗာပူးလ်အတွက်တော့ ဝမ်းသာစရာသတင်းပါပဲ။

ဗီလာနည်းပြစတီဗင်ဂျရတ်ကတော့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲအဖြစ်ကစားရမယ့် မန်စီးတီးနဲ့ပွဲမှာ အနိုင်ရဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီပွဲကို မန်စီးတီးကွင်းမှာကစားရမှာဖြစ်ပြီး ဂွာဒီယိုလာရဲ့အသင်းဟာ ချန်ပီယံဖြစ်ဖို့အတွက် သေချာပေါက်အနိုင်ကစားဖို့လိုအပ်နေတာဖြစ်ပြီး ဂျရတ်ရဲ့အသင်းဟောင်းလီဗာပူးလ်နဲ့ အပြိုင်ဖြစ်နေတာပါ။ 

လီဗာပူးလ်ပရိသတ်တွေကတော့ ဂျရတ်က မန်စီးတီးဆီက အမှတ်ရအောင်ယူပေးနိုင်မယ်လို့မျှော်လင့်နေကြပါတယ်။ ဗီလာအတွက် အရေးမပါတော့တဲ့ပွဲစဉ်ဖြစ်နေပေမယ့် ဂျရတ်ကတော့ အီတီဟတ်မှာ အိမ်ရှင်ကို အခက်တွေ့အောင်လုပ်ဖို့ စဉ်းစားထားပုံရပါတယ်။ သူတို့အသင်းက အကောင်းဆုံးလုပ်နိုင်သမျှကို လုပ်နိုင်အောင် အားထုတ်သွားမယ်ပြောပြီး ပြိုင်ဘက်ကို သတိပေးခဲ့ပါတယ်။ 

"အက်စတွန်ဗီလာအတွက် ကျနော်အနိုင် ၃ မှတ် လိုချင်တယ်၊ မန်စီးတီးကို တတ်နိုင်သမျှ အခက်တွေ့အောင် ကျနော်တို့လုပ်သွားမှာပါ၊ ကျနော်တို့ လုပ်နိုင်သမျှအရာအားလုံးအတွက်လည်း တိုက်ပွဲဝင်သွားပါမယ်၊ ကျနော်က ဗီလာနည်းပြပါ၊ အနိုင်သုံးမှတ်က အရေးကြီးပါတယ်၊ ကျနော်တို့ရဲ့ အဆင့်ရပ်တည်မှုကို တတ်နိုင်သမျှတော့ မြင့်စေချင်ပါတယ်"

"အသင်းအတွက် နိုင်ပွဲရအောင် ကျနော်က လုပ်ပေးရမှာပါ၊ ကစားသမားတွေလည်း ဒီပွဲအတွက်အသင့်ဖြစ်နေဖို့ လိုအပ်သလို ဖြစ်နေပြီလို့လည်း ထင်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံးပွဲတွေကိုတော့ မနက်ဖြန်မှာ တချိန်တည်း ကစားသွားမှာဖြစ်ပြီး ချန်ပီယံဘယ်အသင်းဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရတော့မှာပါ။ 


လီဗာပူးလ်က ၀ုလ်နဲ့ကစားရမှာဖြစ်ပြီး သူတို့သာအနိုင်ရခဲ့ပြီး မန်စီးတီးက အမှတ်လျော့တာနဲ့ အမှတ်ပေးဖလားကို အံ့အားသင့်ဖွယ်ဆွတ်ခူးနိုင်မှာပါ။ 

Share

Loading Next Article...
က္က