အာဆင်နယ်နည်းပြ အာတီတာက မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ယခုရာသီ ဆုဖလားအဆုံးအဖြတ်ပွဲစဉ်မှာ သွေးကြောင်နေတဲ့ ကစားသမားတွေကို သတ်ပစ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
အာတီတာက အာဆင်နယ်အနေနဲ့ အစ်တီဟတ်မှာ ကြီးမားတဲ့ရလဒ်တစ်ခု ရယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး ၎င်းရဲ့ လူစာရင်းဟာ ရာသီရဲ့အကြီးမားဆုံးပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးသားလို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၃ ပွဲစလုံးမှာ အံ့အားသင့်ဖွယ် ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်မှုတွေကြောင့် ရမှတ် ၆ မှတ်အထိ ဆုံးရှုံးခဲ့ရပေမယ့်လည်း အာတီတာက အစ်တီဟတ်မှာ ၎င်းရဲ့ကစားသမားတွေက ကြီးမားတဲ့ရလဒ်တစ်ခုရအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ ၎င်းရဲ့ ကစားသမားတွေ ရှိန်နေတာလား ရှိလာနိုင်လားလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “မရှိနိုင်ပါဘူး။ တကယ်လို့ ရှိရင်လည်း ကျွန်တော်ကတော့ သူတို့ကို သတ်ပစ်မှာပါ။ ကျွန်တော် အဲဒါကို လုံးဝ မလုပ်ချင်ပါဘူး။ ခက်ခဲတဲ့ညတစ်ညနဲ့ စိန်ခေါ်မှုဖြစ်လာတော့မှာပါ။ ဒါပေမယ့် အခွင့်အရေးက ကျွန်တော်တို့အတွက် မယုံနိုင်စရာကောင်းပါတယ်။ ကျွန်တော်တို့ အစကတည်းက သိခဲ့တယ်။ ခင်ဗျား ပရီးမီးယားလိဂ်ဖလားကို အနိုင်ရချင်ရင် ခင်ဗျား စပါးစ်ကို အနိုင်ယူရမယ်။ ချဲလ်ဆီးကို အနိုင်ယူရမယ်။ ခင်ဗျား အဝေးကွင်းကိုသွားပြီး အနိုင်ကစားနိုင်ရမယ်။ ဒါက ကျွန်တော်တို့ လုပ်ခဲ့တာတွေပါ။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ ဒီနေရာမှာ ရှိနေတာပါ။ အခု ခင်ဗျား စီးတီးအိမ်ကွင်းကိုသွားပြီး သူတို့ကို အနိုင်ယူရမယ်။ ခင်ဗျား ချန်ပီယံဖြစ်ချင်ရင် ဒီလိုပွဲတွေကို အနိုင်ကစားရမယ်။ အဲဒါက အဲဒီလောက်ကို ရှင်းပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။