စနေနေ့မှာ ကစားရမယ့် ဒီပွဲစဉ်ဟာ ဒီတပတ်ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်ပြီး ချာလိုဘက်က သူတို့အနေနဲ့ လက်ရှိချန်ပီယံကို အကောင်းဆုံးရင်ဆိုင်ရမယ်လို့ အသင်းဖော်တွေကို ပြောဆိုခဲ့ပါတယ်။
လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ကစားရမယ့်ပွဲမှာ သူတို့အနေနဲ့ ယုံကြည်မှုအပြည့်အဝရှိနေတယ်လို့ ချယ်လ်ဆီးရဲ့လူငယ်ကြယ်ပွင့်ကစားသမား ချာလိုဘက်က ပြောဆိုလိုက်ပါတယ်။ စနေနေ့မှာ ကစားရမယ့် ဒီပွဲစဉ်ဟာ ဒီတပတ်ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်ပြီး ချာလိုဘက်က သူတို့အနေနဲ့ လက်ရှိချန်ပီယံကို အကောင်းဆုံးရင်ဆိုင်ရမယ်လို့ အသင်းဖော်တွေကို ပြောဆိုခဲ့ပါတယ်။
တူချယ်လ်ကတော့ ချယ်လ်ဆီးနည်းပြဖြစ်လာပြီးနောက် ဂွာဒီယိုလာကို အကြိမ်ကြိမ်အနိုင်ယူပြထားခဲ့သူဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အနိုင်ရရှိထားခဲ့ပြီး ဒီပွဲရှုံးနိမ့်မှုကို မန်စီးတီးဘက်က လက်စားချေလိုစိတ်တွေ ပြင်းပြနေမှာဖြစ်လို့လည်း အသင်းဘက်က အသင့်ဖြစ်နေဖို့လိုအပ်တယ်လို့ ချာလိုဘက်က သတိပေးခဲ့ပါတယ်။
လက်ရှိမှာတော့ ချယ်လ်ဆီးဟာ ငါးပွဲကစားအပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ လီဗာပူးလ်၊ ယူနိုက်တက်တို့နဲ့အတူ ရမှတ်တူညီစွာနဲ့ ဦးဆောင်နေပါတယ်။ မန်စီးတီးကတော့ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၅ နေရာမှာရှိနေကာ နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။