ဒီနေ့ကစားမယ့် အက်စ်ပန်ညိုနဲ့ပွဲမှာ ထည့်သွင်းမှာမဟုတ်ဘူးလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအန်ဆယ်လော့တီဟာ ဒီနေ့ကစားရမယ့် အက်စ်ပန်ညိုနဲ့ပွဲမှာ သူအားအထားရဆုံးကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာနဲ့ မိုဒရစ်ကို အနားပေးထားမယ်လို့ သိရပါတယ်။ အဆိုပါကစားသမားနှစ်ဦးကို မန်စီးတီးနဲ့ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့အတွက် ရည်ရွယ်ကာ အင်အားပြည့်၀နေစေဖို့အတွက် အန်ဆယ်လော့တီက အနားပေးမှာလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာ ရီးရဲလ်အတွက် ခြေစွမ်းပြနေတဲ့ သူတို့နှစ်ဦးက အန်ဆယ်လော့တီလုံး၀အထိမခံတဲ့ ကစားသမားတွေလို့သိရပြီး အရဲစွန့်အသုံးပြုမှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ ရီးရဲလ်ဟာ သရေကျရုံနဲ့ လာလီဂါဖလားကို ဆွတ်ခူးနိုင်မှာဖြစ်ပြီး အိမ်ကွင်းမှာကစားရမှာလည်းဖြစ်လို့ အဓိကကစားသမားတချို့ကို အနားပေးဖို့ အခြေအနေကောင်းကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးကို ပထမအကျော့မှာ ၄-၃ နဲ့ အရေးနိမ့်ထားလို့ အိမ်ကွင်းမှာ အနိုင်ကစားဖို့အတွက် ရီးရဲလ်က အားထုတ်ရမှာလည်းဖြစ်ပါတယ်။ ပထမအကျော့မှာ မန်စီးတီးက ခြေစွမ်းသာလွန်ကောင်းမွန်ခဲ့ပြီး ချေပဂိုးတွေလိုက်သွင်းနိုင်ခဲ့လို့သာ ရီးရဲလ်အတွက် မျှော်လင့်ချက်ရှိနေတာဖြစ်ပြီး ဒုတိယအကျော့ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် အန်ဆယ်လော့တီက သူ့ကစားသမားတွေကို အနားယူစေမှာလည်းဖြစ်ပါတယ်။ 

ဘန်ဇီမာကတော့ ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး ဘလွန်းဒီအောဆုကို ဆွတ်ခူးမယ်လို့ပါ ရေပန်းစားနေသူဖြစ်ပါတယ်။ မိုဒရစ်ကလည်း ပွဲကိုအလှည့်အပြောင်းလုပ်ပေးနိုင်စွမ်းရှိသူဖြစ်ပြီး သူ့ရဲ့ပေးပို့မှုတခုကနေ သွင်းဂိုးတဂိုးဖြစ်လာနိုင်တဲ့အထိ ဖန်တီးမှုအားကောင်းမွန်တဲ့ ကစားသမားဖြစ်ကာ ချယ်လ်ဆီးနဲ့ပွဲမှာ သူ့ခြေစွမ်းကို အားလုံးမြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က