မူလာကတော့ ပွဲမစခင် ထုံးစံအတိုင်း လေတိုက်ပွဲ ဆင်နွှဲလိုက်တာပါ။

ဘိုင်ယန်မြူးနစ်ရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး သောမတ်စ်မူလာကတော့ ဒီနေ့ည ကစားရမယ့် မန်စီးတီးနဲ့ပွဲမှာ သူတို့အတွက် အခွင့်အရေးရှိနေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘိုင်ယန်ဟာ ပထမအကျော့က အဝေးကွင်းမှာ ၃-၀ နဲ့ အရေးနိမ့်ခဲ့လို့ မြူးနစ်မှာကစားရမယ့် ဒီပွဲကို တော်တော်လေးရုန်းကန်ရတော့မှာဖြစ်ကာ မူလာကတော့ ယုံကြည်ချက်ထားရှိနေဆဲဖြစ်ပါတယ်။ 

လက်ရှိမှာ ဘိုင်ယန်က ခြေစွမ်းနဲ့ ရလဒ်ပိုင်းကျဆင်းနေကာ မန်စီးတီးကတော့ ပြိုင်ဘက်တွေကို ခြေပြတ်၊ဂိုးပြတ်အနိုင်ကစားနေတဲ့ အသင်းဖြစ်လို့ သူတို့အတွက် မလွယ်ကူလောက်ဘူးလို့ အားလုံးက တွက်ဆထားပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ဆုဖလား ၃ လုံးလမ်းကြောင်းပေါ်မှာရှိနေပြီး ဒီပွဲကို ၂ဂိုးပြတ်ရှုံးရင်တောင်မှ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ 

မူလာက "ကျနော်တို့မှာ အခွင့်အရေးရှိပါသေးတယ်၊ ဒါကို ယုံကြည်ထားပြီးသားပါ၊ အစကောင်းဖို့အတွက်ပဲ လိုအပ်ပြီး ပထမပိုင်းမှာ ၁-၀ ဖြစ်နိုင်ပါတယ်၊ ၁၀ မိနစ်အတွင်းမှာ ၃ ဂိုးတော့ ကျနော်တို့ မသွင်းနိုင်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ ဂိုးသွင်းနိုင်ဖို့လိုအပ်ပြီး အဲဒီအတိုင်းဆက်ကြိုးစားရမှာပါ၊ တကယ်လို့သာ မိနစ် ၈၀ မှာ ဒုတိယဂိုးရမယ်ဆိုရင် ကျနော်တို့အတွက် ၁၅ မိနစ်ကစားဖို့ ရှိပါဦးမယ်"

"ဒီလိုဖြစ်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်ကတော့ ဂွာဒီယိုလာရဲ့ အသင်းဟောင်းဖြစ်ပြီး ဒီအချက်ကလည်း မန်စီးတီးကို အားသာချက်အဖြစ်ရှိစေခဲ့ပါတယ်။ မူလာကတော့ သူ ပြောသလိုမျိုး လုပ်ပြနိင်မလားဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပြီး ဒီပွဲဟာ ဘိုင်ယန်အတွက် သိက္ခာပိုင်းအရလည်း အရေးပါနေပါတယ်။ 


Share

Loading Next Article...
က္က