အာဆင်နယ်ပရိသတ်တွေဟာ ဝက်စ်ဟမ်း ကစားသမား ကူဖယ်လ်ကို တစ်သက်လုံး ကော်ဖီ အလကားတိုက်ဖို့အထိ ကမ်းလှမ်းနေကြကြောင်း သိရှိရပါတယ်။ ဝက်စ်ဟမ်းဟာ ရာသီပိတ်ပွဲမှာ မန်စီးတီးကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
ဒီပွဲမှာ ဝက်စ်ဟမ်းက မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ပြီး အာဆင်နယ်ကသာ အဲဗာတန်ကို အနိုင်ရရှိခဲ့ရင် အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ပါလိမ့်မယ်။ သရေကျခဲ့ရင်တောင်မှ အာဆင်နယ်တို့ ဂိုးကွာခြားချက်ကြောင့် အဲဗာတန်ကို အနိုင်ယူနိုင်ခဲ့ရင် ချန်ပီယံဖြစ်နိုင်တာပါ။
အဲ့ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက ကူဖယ်လ်ကို မန်စီးတီးနဲ့ပွဲမှာ ဂိုးသွင်းပေးဖို့၊ ဂိုးသွင်းနိုင်ခဲ့ရင် တစ်သက်လုံး ကော်ဖီအလကားတိုက်မယ်လို့ ကမ်းလှမ်းနေကြောင်း သိရှိရပါတယ်။ ကူဖယ်လ်က “ကျွန်တော့်ကို တစ်သက်လုံး ကော်ဖီအလကားတိုက်မယ်ဆိုပြီး ကမ်းလှမ်းနေကြတာတွေ ရှိပါတယ်”
“ကျွန်တော့် အနီးနားပတ်ဝန်းကျင်မှာ အာဆင်နယ်ပရိသတ်တွေ အများကြီးရှိပါတယ်။ ကျွန်တော့်သားကလည်း ဘောလုံးကစားနေပြီး အဲ့ဒီတော့ ကျွန်တော့်ဘေးမှာ အာဆင်နယ်ရဲ့ အမာခံပရိသတ်တွေ အများကြီးပါ”
“သူတို့ဆီကနေ ‘မင်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို မန်စီးတီးနဲ့ပွဲမှာ မြင်ရတော့မယ်’ ဆိုတဲ့ မက်ဆေ့ချ်တွေ၊ ပုံစံတူ မက်ဆေ့ချ်တွေ ရပါတယ်။ ဒါက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။