မန်စီးတီးကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ကြိုးစားခဲ့ဖူးတာပါ။

ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်က သူတို့အနေနဲ့ မန်စီးတီးကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ မန်စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ပတ်သက်လို့ အမြဲတမ်း အငြင်းပွားစရာတွေ ရှိနေခဲ့တဲ့ အသင်းတစ်သင်းပါ။



ပြီးခဲ့တဲ့ (၂၀၂၀) မှာ ယူအီးအက်ဖ်အေက မန်စီးတီးကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ခဲ့မှုနဲ့ ပတ်သက်လို့ စွဲချက်တင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် (၂) ရာသီ ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ကြေးအဖြစ် ပေါင် (၂၅) သန်းလည်း တပ်ရိုက်ခဲ့ပါသေးတယ်။

မန်စီးတီးကတော့ ဒီပြစ်ဒဏ်အတွက် ဥရောပအားကစားခုံရုံးထံ အယူခံတင်သွင်းခဲ့ပါတယ်။ ဒီအယူခံက အောင်မြင်သွားခဲ့တာကြောင့်လည်း မန်စီးတီးကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် မန်စီးတီးရဲ့ ပြဿနာတွေက မပြီးဆုံးသေးပါဘူး။

လက်ရှိမှာလည်း ပရီးမီးယားလိဂ်က မန်စီးတီးကို ဘဏ္ဍာရေးစည်းကမ်းတွေ ချိုးဖောက်မှုနဲ့ ပတ်သက်လို့ အမှုပေါင်း (၁၁၅) မှုနဲ့ စွဲချက်တင်ထားပါတယ်။ အဲ့ဒါကြောင့်လည်း ဆီဖာရင်က တစ်ချိန်တုန်းက သူတို့ မန်စီးတီးကို အရေးယူခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ကြားဝင်ထောက်ခံလာခဲ့တာပါ။

ဆီဖာရင်က “ကျွန်တော်တို့ မှန်ကန်ခဲ့တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ မမှန်ဘူးလို့ ထင်ခဲ့တယ်ဆိုရင် ဒါမျိုး ဆုံးဖြတ်ချက်ကို ချမှတ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေအပေါ် ကျွန်တော် ယုံကြည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က