အသင်းဟောင်း ယူနိုက်တက်အတွက်တော့ စိတ်ပျက်စရာပါပဲ။

အယ်လ်နာဆာနဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ မန်စီးတီးကို ကြည့်လို့အကောင်းဆုံး အသင်းတစ်သင်းအအဖြစ် ချီးကျူးပြောကြားလိုက်ပါတယ်။ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Global Soccer Awards ဆုပေးပွဲမှာ ရော်နယ်ဒိုက အကောင်းဆုံးဂိုးသွင်းရှင်ဆုကို ဆွတ်ခူးခဲ့တာပါ။



ဒီလိုမျိုး ဆွတ်ခူးနိုင်ခဲ့တဲ့နောက် ရော်နယ်ဒိုနဲ့ပတ်သက်တဲ့ အမေးအဖြေကဏ္ဍတွေ အများအပြားထွက်ပေါ်လာခဲ့ပါတယ်။ ဒီအထဲမှာ ရော်နယ်ဒိုတစ်ယောက် ကြည့်ရတာ အနှစ်သက်ဆုံး ဘောလုံးအသင်းကို မေးမြန်းခဲ့ရာမှာ အခုလိုပဲ ရော်နယ်ဒိုက တုံ့ပြန်ခဲ့ပါတယ်။

ရော်နယ်ဒိုက “မန်စီးတီးက သူတို့ရဲ့ ရာသီတစ်ခုအတွက် အံ့အားသင့်ဖွယ် ဂုဏ်ပြုမှုနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ကစားသမားတွေ၊ နည်းပြနဲ့ အရန်ခုံက ကစားသမားတွေကအစပေါ့။ သူတို့က နောက်ဆုံးမှာတော့ ချန်ပီယံလိဂ်ဖလားကြီးကိုပါ ဆွတ်ခူးနိုင်ခဲ့ပါပြီ”
“သူတို့က ဒီလိုအောင်မြင်မှုမျိုးနဲ့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ထိုက်တန်ခဲ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့ ကစားတာကို ကြည့်ရတာ ကျွန်တော် သဘောကျပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ဒီပြောစကားက ယူနိုက်တက်ပရိသတ်တွေအတွက် သွေးတက်စရာပါပဲ။
ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ကစားသမားဖြစ်ပြီး ယူနိုက်တက်ကိုလည်း တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်ကျော့ပြန် ခရီးလမ်းမှာတော့ အဆင်မပြေမှုတွေနဲ့အတူ ရော်နယ်ဒိုက အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။

Share

Loading Next Article...
က္က