မန်စီးတီးကိုရှုံးပြီး နာရီပိုင်းအကြာမှာ ပြုလုပ်ခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ သူ့ရဲ့ မွေးနေ့အမှတ်တရအဖြစ် ညလုံးပေါက် ပါတီပေးခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးကို အိုးထရက်ဖို့ဒ်မှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။



ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကတော့ အဆိုပါပွဲအပြီး နာရီပိုင်းအတွင်းမှာတင် ပါတီပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ အဆိုပါ ပါတီပွဲကို သူ့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ အထူးဧည့်သည် ဧရိယာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် အဆို ပါတီပွဲမှာ ယူနိုက်တက်အသင်းဖော် မာလာစီယာလည်း ရှိနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ မာလာစီယာဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို လွဲချော်နေရပြီး အနားယူနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

အဆိုပါ မွေးနေ့ပါတီပွဲကတော့ မနက် (၃) နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပြီး ရပ်ရှ်ဖို့ဒ်တစ်ယောက် ပါတီပွဲပြီးဆုံးချိန်အထိ ဆက်ရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် အဆိုပါ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမားဟာ နောက်တစ်နေ့မနက်မှာတော့ ယူနိုက်တက်နဲ့အတူ အပြည့်အဝ လေ့ကျင့်ခန်း ဆင်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ယူနိုက်တက် တောင်ပံကစားသမား ဆန်ချိုဟာ တန်ဟက်ခ်နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာကြောင့် အသင်းကြီးလူစာရင်းကနေ ထုတ်ပယ်ခံထားရပါတယ်။ တန်ဟက်ခ်ကတော့ လက်ရှိအချိန်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ ပါတီပွဲအကြောင်းကို ကြားသိထားပြီး ဒီကစားသမားကို အရေးယူ၊ မယူဆိုတာကို မကြာခင် ဆုံးဖြတ်သွားဖွယ်ရှိပါတယ်။

Share

Loading Next Article...
က္က