လာမယ့်တနင်္ဂနွေနေ့မှာ ရင်ဆိုင်ရတော့မှာပါ။

မန်စီးတီးမှာ ဟာလန်းနဲ့ ဒီဘရိုင်းတို့ ခြေစွမ်းပြကစားနေပေမယ့်လည်း လီဗာပူးလ်နောက်ခံလူဗန်ဒိုက်ကတော့ မန်စီးတီးကို ရင်ဆိုင်ဖို့ မစောင့်ဆိုင်းနိုင်အောင်ဖြစ်နေတယ်လို့ talkSPORT က ဖော်ပြလိုက်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ အဆိုပါအသင်းနှစ်သင်းရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီဘက်နှစ်တွေမှာ သူတို့ချင်းတွေ့ဆုံမှုက အရင်ကထက် ပြိုင်ဆိုင်မှုပြင်းထန်နေခဲ့ပါတယ်။ 

ဒီရာသီမှာ လီဗာပူးလ်က ရလဒ်တွေ ကျဆင်းနေပြီး အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ယူနိုက်တက်တို့ကိုလည်း အရေးနိမ့်ထားခဲ့ကာ မန်စီးတီးနဲ့ရင်ဆိုင်ရမယ့်ပွဲမှာလည်း အောက်အသင်းအဖြစ်ရှိနေပါတယ်။ ရိန်းဂျားစ်ကို ချန်ပီယံလိဂ်မှာ ၇ ဂိုးအထိသွင်းယူကာ အနိုင်ရရှိထားခဲ့လို့ လီဗာပူးလ်ရဲ့ စိတ်ဓာတ်ပိုင်းက အကောင်းဆုံးအနေအထားကို ပြန်ရောက်လာပြီး အန်ဖီးလ်မှာ မန်စီးတီးကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ဗန်ဒိုက်က ယုံကြည်နေပါတယ်။ 

"တနင်္ဂနွေနေ့မှာ ဘယ်လိုအာမခံချက်မျိုးမှတော့မရှိပါဘူး၊ ရိန်းဂျားစ်နဲ့ပွဲမှာ ကျနော်တို့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပါတယ်၊ ဒီရလဒ်အတွက်လည်း ကျနော်ကျေနပ်မိတယ်၊ အထူးသဖြင့် ဒုတိယပိုင်းကစားပုံကို အရမ်းသဘောကျမိပါတယ်၊ အခုအချိန်က တနင်္ဂနွေနေ့ပွဲအတွက် ကျနော်တို့ အသင့်ဖြစ်အောင် ပြင်ဆင်ရတော့မယ့်အချိန်ပါ၊ ကျနော်တို့ တဦးချင်းစီက အကောင်းဆုံးဖြစ်နေလို့ လိုအပ်ပါတယ်"

"ချန်ပီယံတွေနဲ့ ကစားရမယ်၊ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူနဲ့ အကောင်းဆုံးတိုက်စစ်မှူးတဦးဖြစ်လာနိုင်မယ့်သူကို ရင်ဆိုင်ရမှာပါ၊ ဒါကြောင့် သူတို့မှာ ကောင်းမွန်တဲ့ နည်းပြတဦးရှိပြီး ဒါက နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ၊ အရမ်းကြီးတော့ ကွာခြားမှာမဟုတ်ပါဘူး၊ ဒါကို ကျနော်တို့ စောင့်မျှော်နေပြီး ရိန်းဂျားစ်ကို အနိုင်ရတဲ့ပွဲက ခွန်အားနည်းနည်းတော့ ပေးနိုင်မယ်ထင်ပါတယ်"

"ဒီလိုသာဆိုရင် ကျနော်တို့ အရမ်းကောင်းတဲ့ အသင်းတသင်းအဖြစ်နဲ့ ကစားနိုင်ပါလိမ့်မယ်၊ ဟာလန်းက ခြေစွမ်းပြကစားနေတဲ့သူဖြစ်ပြီး သူ့ကိုထိန်းချုပ်ရတာက ခက်မှာပါ၊ ဒါပေမယ့် ကျနော်တို့က မန်စီးတီးတသင်းလုံးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဟာလန်းတဦးတည်းနဲ့ ရင်ဆိုင်ရမှာမဟုတ်ပါဘူး" လို့ ဗန်ဒိုက်က ပြောသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က