အက်ဖ်အေဖလားဗိုလ်လုပွဲအတွက် အကြံပေးခဲ့တာပါ။

ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဖာဒီနန်က အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်တို့ မန်စီးတီးကို အနိုင်ရချင်ရင် အသုံးပြုသင့်တဲ့ နည်းလမ်းအကြောင်း ဖွင့်ဟခဲ့ပါတယ်။ မန်ချက်စတာမြို့ခံနှစ်သင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် လာမယ့်အပတ်၊ ဝင်ဘလေကွင်းမှာ ရင်ဆိုင်ရမှာပါ။



ဒီပွဲမှာ ယူနိုက်တက်တို့ မန်စီးတီးကို အနိုင်ရဖို့က မျှော်လင့်ချက်နည်းပါးလွန်းနေပြီး အများစုကလည်း မန်စီးတီးကသာ အက်ဖ်အေဖလားကို ဆွတ်ခူးကာ သူတို့ရဲ့ ဖလားသုံးလုံးမျှော်လင့်ချက်ကို အသက်ဆက်သွားမယ်လို့ ယူဆထားပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ နှစ်သင်းထိပ်တိုက်တွေ့တုန်းက အိမ်ကွင်းတွေမှာ ကိုယ်စီနိုင်ပွဲရရှိခဲ့ပါတယ်။

အက်ဖ်အေဖလားဗိုလ်လုပွဲနဲ့ ပတ်သက်လို့ ဖာဒီနန်က “ရိုဒရီအတွက် ဘရူနိုဖာနန်ဒက်စ်ကို တာဝန်ပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်စီးတီးနဲ့ပတ်သက်လို့ ကောင်းမွန်တဲ့ ဘောလုံးတွေအားလုံးက ရိုဒရီဆီကပဲ အများကြီးလာတာပါ။ သူ့ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတစ်ယောက်လောက် ကျွန်တော် လိုချင်ပြီး ဘောလုံးမရှိချိန်မှာတောင် ဒုက္ခပေးနိုင်တာမျိုးပေါ့”

“ရိုဒရီက ဘောလုံးရပြီဆိုတာနဲ့ ရပ်လိုက်ပြီး စတုန်းစ်ကို လှုပ်ရှားခွင့်ပေးတယ်၊ ပြီးတော့ ရှေ့က သုံး‌ယောက်အတွက် နေရာလွတ်တွေ ရှာပေးတော့တာပဲ။ သူ့ကို ကျွန်တော် လှုပ်မရအောင် လုပ်စေချင်ပြီး နောက်တန်းလေးယောက်ထဲက စတုန်းစ်ကို သူနဲ့ လိုက်တွဲပေးရတဲ့အထိ ဖြစ်စေချင်ပါတယ်။ ပြီးရင်တော့ အဲ့ဒီနေရာလွတ်တွေကို ရပ်ရှ်ဖို့ဒ်၊ ဆန်ချိုတို့နဲ့ အသုံးချနိုင်အောင် လုပ်ရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ ဒီရာသီမှာ ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ အသင်းတစ်သင်းပါ။ ယူနိုက်တက်ကတော့ အင်္ဂလန်မှာ သူတို့တစ်သင်းတည်းသာ ရရှိထားတဲ့ စံချိန်ကို မြို့ခံပြိုင်ဘက် မန်စီးတီး မရရှိသွားအောင် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ကိုယ်တိုင် တားဆီးနိုင်ခွင့်ရှိနေတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က