ဒီရာသီပထမဆုံးရှုံးပွဲဖြစ်လာခဲ့ပါတယ်။

ချယ်လ်ဆိးနည်းပြဘဝမှာ ဂွာဒီယိုလာကို ၄ ကြိမ်တိုင်တိုင်အနိုင်ရခဲ့တဲ့ တူချယ်လ်ဟာ မနေ့ကပွဲမှာတော့ ပြန်လည်လက်စားချေခြင်းကို ခံခဲ့ရပါတယ်။


မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ သူ့ရဲ့အပြစ်ကြောင့်ဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြတူချယ်လ်က ပွဲအပြီးမှာဝန်ခံလိုက်ပါတယ်။ သူ့အသင်းဟာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ခြင်းမရှိဘူးလို့ တူချယ်လ်က ဝန်ခံခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဖယ်ပေးခဲ့ရသလို မန်စီးတီးနဲ့ အမှတ်တူညီသွားခဲ့ပြီဖြစ်ပါတယ်။ ချယ်လ်ဆိးနည်းပြဘဝမှာ ဂွာဒီယိုလာကို ၄ ကြိမ်တိုင်တိုင်အနိုင်ရခဲ့တဲ့ တူချယ်လ်ဟာ မနေ့ကပွဲမှာတော့ ပြန်လည်လက်စားချေခြင်းကို ခံခဲ့ရပါတယ်။

ဂါဘရီယယ်ဂျီးဆပ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ချယ်လ်ဆီးတို့အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ပွဲချိန်အတွင်းမှာလည်း ပိုကောင်းတဲ့ပုံစံကို မန်စီးတီးက ပြသနိုင်ခဲ့ပါတယ်။ တူချယ်လ်က သူ့ရဲ့အသင်းဟာ မန်စီးတီးရဲ့ ပြင်းပြင်းထန်ထန်ကစားနေတဲ့ pressing အောက်မှာ ရုန်းမထွက်နိုင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး နည်းဗျူဟာတိုက်ပွဲမှာ သူကျရှုံးခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 


"ကျွန်တော်တို့ အရေးနိမ့်ခဲ့ရပြီး မန်စီးတီးက နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်၊ မိနစ် ၆၀ ဒါမှမဟုတ် ဂိုးမပေးရခင်အထိ နောက်ဆုံးမီတာ ၂ဝအတွင်းမှာ ကျွန်တော်တို့အရမ်းတောင့်တင်းခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် မီတာ ၈၀ အတွင်းမှာတော့ ကျွန်တော်တို့ကစားပုံမကောင်းခဲ့တော့ဘဲ သူတို့ရဲ့ ဖိအားပေးမှုအောက်ကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး၊ ဘောလုံးပိုင်ဆိုင်မှုရတာက သူတို့ကိုထိခိုက်နာကျင်စေပြီး ကျွန်တော်တို့ယုံကြည်မှုတိုးပွားလာရမှာဖြစ်ပေမယ့် ပထမပိုင်းမှာ အဲဒီလိုမျိုးမလုပ်နိုင်ခဲ့ပါဘူး"

"အသင်းစွမ်းဆောင်ရည်က မလုံလောက်ပါဘူး၊ ကျွန်တော်တို့ရဲ့ အကောင်းဆုံးအဆင့်မှာမရှိခဲ့သလို ဒီလိုပွဲမျိုးကို နိုင်ပွဲရဖို့အတွက်ဆိုရင် အကောင်းဆုံးအဆင့်မှာရှိနေဖို့လိုပါတယ်၊ အမြင့်ဆုံးအဆင့်မှာမရှိရင်တော့ မျှော်လင့်ထားတဲ့ရလဒ်မျိုးကို ရမှာမဟုတ်ပါဘူး၊ ဒီအတွက် ရလဒ်ကိုလက်ခံရမှာပါပဲ၊ ကန်တေက ဖျားနာနေပြီး သူ့ကိုကစားဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်၊ ဂျော်ဂျင်ဟိုကလည်း ပြသနာအနည်းရှိနေပါတယ်၊ အဲဒါက ကျွန်တော့်ကြောင့်ပါ၊ ကျွန်တော့်ရဲ့အကောင်းဆုံးဆုံးဖြတ်ချက်လည်းမဟုတ်ခဲ့ပါဘူး" လို့ တူချယ်လ်က ပြောဆိုခဲ့ပါတယ်။ 

Share

က္က