မန်စီးတီးနဲ့ ယူနိုက်တက်တို့ ဒီတစ်ပတ်တွေ့မှာပါ။

အာဆင်နယ် ကစားသမားဟောင်းကြီး မာတင်ကီအွန်က ယူနိုက်တက်အနေနဲ့ မန်စီးတီးကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် တန်ဟက်ခ်တစ်ယောက် အသင်းကနေ ထွက်ခွာသင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ ယူနိုက်တက်တို့ မနက်ဖြန်ညမှာ ရင်ဆိုင်ကစားမှာပါ။



နောက်ပိုင်းကာလတွေမှာ မန်စီးတီးက ယူနိုက်တက်ကို သိသိသာသာ အသာစီးယူလာခဲ့ပြီး အခုရာသီမှာလည်း ယူနိုက်တက်က မတည်ငြိမ်တဲ့ ခြေစွမ်း၊ ရလဒ်ပိုင်းတွေနဲ့ ရာသီသစ်တစ်ခုကို အစပြုခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်တို့ သေချာပေါက် ရှုံးမယ်လို့လည်း အများစုက ခန့်မှန်းထားပါတယ်။
ဒါပေမယ့် မန်စီးတီးနဲ့ မကန်ခင် နောက်ဆုံးသုံးပွဲဆက်တိုက်မှာ တန်ဟက်ခ်ရဲ့ ယူနိုက်တက်က အနိုင်ရရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီပွဲတွေမှာ ယူနိုက်တက်တို့ အနိုင်ရရှိတာက ခြေစွမ်းကောင်းလို့ မဟုတ်ဘဲ တစ်ဦးတစ်ယောက်ကောင်းနဲ့ ကံကောင်းခဲ့လို့သာ အနိုင်ရခဲ့တာလို့ ပရိသတ်တွေက လက်ခံထားပါတယ်။
မာတင်ကီအွန်က “လက်ရှိအချိန်မှာ ယူနိုက်တက်ဆီကနေ သက်သောင့်သက်သာဖြစ်စရာ စွမ်းဆောင်မှုမျိုး မမြင်တွေ့ရပါဘူး။ သူတို့က ရုန်းကန်ရင်း နိုင်ပွဲတွေ ရယူခဲ့တာပါ။ ပွဲကို မထိန်းချုပ်နိုင်ခဲ့သလို ဒီအချက်တွေက နည်းပြနဲ့ သက်ဆိုင်သွားပါပြီ။​ အခု မန်ချက်စတာဒါဘီပွဲက သူတို့အတွက် ကြီးမားတဲ့ ဖိအားပါ။

“ဒါပေမယ့် ဒီပွဲမှာ ယူနိုက်တက်အနိုင်ရဖို့ မမျှော်လင့်ထားကြဘဲ နိုင်ခဲ့ရင်ပဲ ဒါက အပိုဆုလို ဖြစ်နေပါပြီ။ ကျွန်တော်ကတော့ မန်စီးတီးပဲ နိုင်မယ်လို့ မြင်နေပါတယ်။ တကယ်လို့ နောက်ထပ်သုံးပွဲလောက်ရှုံးတာမျိုး ဖြစ်ခဲ့မယ်ဆိုရင်လည်း တန်ဟက်ခ်တစ်ယောက် အသင်းကနေ နှုတ်ထွက်သင့်ပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က