လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ စပါးစ်ကြယ်ပွင့် ဆွန်ဟောင်မင်တို့ ပါဝင်ခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအသင်းထဲမှာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ စပါးစ်ကြယ်ပွင့် ဆွန်ဟောင်မင်တို့ ပါဝင်ခဲ့ကြပါတယ်။

ဗန်ဒိုက်နဲ့ ဆွန်ဟောင်မင်တို့ဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် WhoScored ရဲ့ ၂၀၂၂ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ပရီးမီးယားလိဂ်အသင်းထဲမှာ ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒတ်ချ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ခံစစ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ဆွန်ဟောင်မင်ကလည်း သွင်းဂိုး ၂၃ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မိုဟာမက် ဆာလားနဲ့အတူ ရွှေဖိနပ်ဆုကို ပူးတွဲ ရရှိခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်ရဲ့ လီဗာပူးလ်အသင်းဖော် မာတစ်ပ်ကလည်း တစ်နှစ်တာအကောင်းဆုံးအသင်းထဲမှာ ပါဝင်ခဲ့ပြီး ဆွန်ဟောင်မင်ရဲ့ တိုက်စစ်တွဲဖော်ဖြစ်တဲ့ ဟာရီ ကိန်းကလည်း ၁၅ ပွဲသာ ကစားရသေးချိန်မှာ လိဂ်ဂိုး ၂၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ဟာလန်းနဲ့အတူ တိုက်စစ်ကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာ ဖူလ်ဟမ်အသင်းအတွက် သူရဲကောင်းဆန်တဲ့ လက်စွမ်းပြသနေတဲ့ ဘာ့ဒ် လီနိုကလည်း အကောင်းဆုံးအသင်းထဲမှာ ရွေးချယ်ခြင်းခံခဲ့ရပြီး ယခုရာသီမှာ ၆၂ ကြိမ်ကာကွယ်မှု ပြုလုပ်ထားချိန်မှာ ပေးဂိုးမရှိပွဲစဉ် ၄ ပွဲ ရရှိအောင် စွမ်းဆောင်ထားတဲ့ ကစားသမား ဖြစ်ပါတယ်။

နယူးကာဆယ်လ်ယူနိုက်တက်နောက်ခံလူ ထရစ်ပီယာကလည်း ညာနောက်ခံနေရာအတွက် ရွေးချယ်ခြင်းခံခဲ့ရပြီး WhoScored ရဲ့ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆု ၇ ကြိမ် ရရှိခဲ့ရာမှာ အဲဒီထဲက ၆ ကြိမ်ဟာ ယခုရာသီမှာ ရရှိခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနောက်ခံလူ ဂျာအို ကန်ဆယ်လိုကလည်း ဘယ်နောက်ခံနေရာအတွက် ရွေးချယ်ခံခဲ့ရပြီး ကွင်းလယ်မှာ လက်စတာစီးတီးကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်နဲ့ မန်စီးတီးကွင်းလယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဒီဘရိုင်းနားနဲ့ ရိုဒရီတို့ ရွေးချယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။


ဘယ်လ်ဂျီယမ်ကွင်းလယ်ဖန်တီးရှင်ဟာ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့ မန်ချက်စတာစီးတီးအတွက် အလွန်ထူးခြားကောင်းမွန်တဲ့ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ 


WhoScored ရဲ့ ၂၀၂၂ ခုနှစ်အတွက် ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်း


ဂိုး- ဘာ့ဒ် လီနို


နောက်တန်း- ထရစ်ပီယာ၊ ဂျိုရယ် မာတစ်ပ်၊ ဗန်ဒိုက်၊ ကန်ဆယ်လို


ကွင်းလယ်- ဂျိမ်းစ် မက်ဒီဆင်၊ ဒီဘရိုင်းနား၊ ရိုဒရီ၊ ဆွန်ဟောင်မင်


တိုက်စစ်- ဟာလန်း၊ ဟာရီ ကိန်း

Share

Loading Next Article...
က္က