မိုဒရစ်၊ ဟာလန်း၊ မာနေးတို့က အဆင့် ၄၊ ၅၊ ၆ နေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ချဲလ်ဆီးဝါရင့်နောက်ခံလူ သီယေဂို ဆေးလ်ဗားက မန်ချက်စတာစီးတီးတိုက်စစ်မှူး ယူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ အဆင့်သတ်မှတ်ချက်ဟာ အံ့အားသင့်ဖွယ်မြင့်မားခဲ့ပြီးနောက် ဖီဖာရဲ့ အကောင်းဆုံးဆုက ဟာသပဲလို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

တနင်္လာနေ့ညမှာ လီယွန်နယ် မက်ဆီဟာ မီဒီယာတွေ၊ လက်ရွေးစင်အသင်းနည်းပြတွေ၊ လက်ရွေးစင်အသင်းခေါင်းဆောင်တွေနဲ့ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုအရ ကာရင် ဘန်ဇီးမားနဲ့ အမ်ဘာပေတို့ကို ကျော်ဖြတ်ပြီး ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစပါတယ်။ ထိပ်ဆုံး ၃ နေရာနဲ့ပတ်သက်ပြီး အနည်းငယ်ကသာ အငြင်းအခုံ ပြုလုပ်ခဲ့ကြပေမယ့်လည်း ကျန်တဲ့ ၁၄ ဦးစာရင်းဟာ စိတ်ဝင်စားစရာကောင်းခဲ့ပြီး မိုဒရစ်၊ ဟာလန်း၊ မာနေးတို့က အဆင့် ၄၊ ၅၊ ၆ နေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့ဖလားချန်ပီယံ ယူလီယန် အယ်လ်ဗာရက်ဇ်က ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရ ကစာသမားမဖြစ်ခဲ့ပေမယ့်လည်း အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့တယ်ဆိုတာကို ထုတ်ဖော်ကြေညာခဲ့ချိန်မှာ အားလုံး အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာပေမယ့်လည်း ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၄ ဂိုး သွင်းယူပေးခဲ့ပြီး အာဂျင်တီးနားနဲ့အတူ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ယူလီယန် အယ်လ်ဗာရက်ဇ်အတွက် ၁၇ မဲ အထိ ရှိနေခဲ့တာကြောင့် အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ နေမာ၊ ဒီဘရိုင်းနား၊ ဗင်နီးရှပ်စ် ဂျူနီယာ၊ လီဝန်ဒေါစကီးနဲ့ မိုဟာမက် ဆာလားတို့ရဲ့ရှေ့မှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တော်တော်များများက ဘယ်လိုဖြစ်ပြီး အယ်လ်ဗာရက်ဇ်က ဒီလောက်မြင့်မားတဲ့ ရပ်တည်မှုမှာ အဆုံးသတ်နိုင်ခဲ့လဲဆိုတာကို နားမလည်ဖြစ်ခဲ့ကြတာဖြစ်ပြီး ချဲလ်ဆီးဝါရင့်နောက်ခံလူ သီယေဂို ဆေးလ်ဗားကလည်း ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်အပေါ် သဘောမတူညီကြောင်းကို အင်တာဂရမ်မှာ "အဲဒီမှာ ဟာသပြက်လုံးရှိနေတယ်"လို့ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ အဆင့်သတ်မှတ်ချက်ကို ရည်ညွှန်းပြီး ရေးသားခဲ့ပါတယ်။

Share

Loading Next Article...
က္က