ဒီကနေ့ည မန်စီးတီးကွင်းမှာ ရီးရဲလ်မက်ဒရစ်တို့ သွားရောက်ရင်ဆိုင်ရမှာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီက ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့နေတဲ့ ပြိုင်ဘက် မန်စီးတီးလောက် ရေပန်းမစားတဲ့အပေါ် ပြဿနာတစုံတရာရှိဟန်မပေါ်ဘဲ တုံ့ပြန်သွားခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို ဒီလောက်အထိ ခရီးဆက်နိုင်မယ်လို့ ထင်ခဲ့တဲ့ ပရိသတ် နည်းပါးခဲ့ပါတယ်။



ဒါပေမယ့် အခုချိန်မှာတော့ ရီးရဲလ်မက်ဒရစ်က ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့လို အသင်းတွေကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိလာခဲ့ပါတယ်။ တဖက်မှာ သူတို့ရင်ဆိုင်ရမယ့် အသင်းကလည်း ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ မန်စီးတီးအသင်းပါ။

အဲ့ဒါကြောင့်လည်း ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်က မန်စီးတီးလောက် ရေပန်းမစားခဲ့တဲ့အပေါ်မှာ အန်ဆယ်လော့တီက “လူတွေက ဒီရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘယ်သူမှမထင်ထားတဲ့ နှစ်သင်း (ရီးရဲလ်မက်ဒရစ်နဲ့ဗီလာရီးရဲလ်) ရောက်လာတယ်လို့ ပြောနေကြပါတယ်။ အခု ကျနော်တို့ ဒီကို ရောက်နေပါပြီ”

“ဒီအတွက်လည်း စိတ်အားထက်သန်မှုအပြည့်ရှိခဲ့ပြီး ရီးရဲလ်မက်ဒရစ်က အမြဲတမ်း ပြိုင်ဆိုင်လိုစိတ်ရှိတဲ့ အသင်းပါ။ ဒါကို ကျနော်တို့ အမြဲတမ်း သက်သေပြခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တဲ့ ပီအက်စ်ဂျီ၊ လက်ရှိချန်ပီယံ ချဲလ်ဆီးတို့ကို ဖြုတ်ချနိုင်ခဲ့တဲ့အပေါ်မှာလည်း အန်ဆယ်လော့တီက အခုလိုပဲ ပြောပါသေးတယ်။

အန်ဆယ်လော့တီက “အစပိုင်းမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ ရေပန်းစားနေတဲ့ အရမ်းအရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ဘက်အချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့က သူတို့က အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပါတယ်။ အခု မန်စီးတီးကိုလည်း ကောင်းကောင်းယှဥ်ပြိုင်နိုင်ဖို့ ကြိုးစားမှာပါ။ ဒါကို သံသယဖြစ်စရာ မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က