ဟာလန်းတယောက် လက်ရွေးစင်အသင်းမှာ ကြောင်ပျောက်ခဲ့ရပါတယ်။

မန်စီးတီးနဲ့အတူ ဖလားသုံးလုံးသိမ်းပိုက်နိုင်ခဲ့ပြီး တဦးချင်းဆုတွေ၊ ရွှေဖိနပ်ဆုတွေပါ ရယူနိုင်ခဲ့တဲ့ ဟာလန်းဟာ မနေ့ညက စကော့တလန်နဲ့ ယူရိုခြေစစ်ပွဲမှာတော့ နော်ဝေပရိသတ်တွေရဲ့ ပြန်လည်လှောင်ပြောင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ ဟာလန်းက တဂိုးသွင်းပေးခဲ့ပေမယ့် ပင်နယ်တီကနေ ဖြစ်ပါတယ်။ 

မန်စီးတီးမှာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ ကစားခဲ့ရပြီး ခြေစွမ်းတွေပြခဲ့တဲ့ ဟာလန်းဟာ နော်ဝေမှာတော့ တွဲဖက်ကစားရတဲ့ အသင်းဖော်တွေရဲ့ အနေအထားကြောင့် ကလပ်အသင်းက​ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့တာပါ။ တပွဲလုံးမှာလည်း ဘောလုံးထိချက်က အနည်းပါးဆုံးဖြစ်ခဲ့ပြီး ပင်နယ်တီရခဲ့လို့သာ ဂိုးရခဲ့တာပါ။ 



ပွဲကစားချိန် ၈၄ မိနစ်မှာ သူ့ကို လူစားလဲလှယ်ခဲ့ပြီးနောက် နော်ဝေက ချေပဂိုးနဲ့ အနိုင်ဂိုးတ​ွေပြန်ပေးခဲ့ရကာ အရေးနိမ့်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ နော်ဝေပရိသတ်တစုက ဟာလန်းကို စောင့်ဆိုင်းနေခဲ့ကြပြီး အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဟာလန်းကတော့ ဒါကို လျစ်လျူရှုခဲ့ပြီး အသင်းဘတ်စ်ကားပေါ်ကို တက်သွားခဲ့တာပါ။ 

ဒီပွဲကို အရေးနိမ့်ခဲ့လို့ နော်ဝေဟာ ဂျာမနီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲနဲ့ လွဲချော်ဖို့ စိုးရိမ်နေရပါပြိ။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကိုလည်း ခြေစစ်ပွဲမအောင်မြင်တာကြောင့် ဟာလန်းတို့ လွဲချော်ခဲ့ရပြီး အခုနောက်တခါ အဓိကပြိုင်ပွဲကြီးတခုကို လွဲချော်ဖို့ကို ပူပန်စပြုလာရတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က