ဆုကြေးငွေတွေနဲ့ လုပ်ခလစာပေါင်းလိုက်ရင် အံ့မခန်းငွေကြေးကို ရရှိနေတာပါ။

မန်ချက်စတာစီးတီးမှာ ဟာလန်းက တပတ်လုပ်ခပေါင် ၉ သိန်းအထိ ရရှိနေတယ်လို့ Daily Mail က ဖော်ပြလိုက်ပါတယ်။ နော်ဝေကြယ်ပွင့်ကို မန်စီးတီးက ပေါင် ၅၁ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ အမှန်တကယ်စျေးကွက်ပေါက်စျေးထက် အများကြီးနည်းပါးတဲ့ပမာဏနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ ဒီလိုမျိုး ပြောင်းရွှေ့ကြေးနည်းပါးမှုကပဲ ဟာလန်းကို တပတ်လုပ်ခပေါင် ၉ သိန်းအထိ ရရှိနေစေတယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ 

အသက် ၂၂ နှစ်အရွယ်ကစားသမားက အခြေခံလုပ်ခလစာအားဖြင့် အခြားသောကစားသမားတွေလိုပဲ ရရှိနေတာဆိုပေမယ့်လည်း အခြားသောဆုကြေးငွေခံစားခွင့်တွေမှာတော့ မျက်လုံးပြူးလောက်စရာပမာဏကိုရရှိနေတာလို့ ဆိုပါတယ်။ အဲဒီဆုကြေးငွေတွေနဲ့ လုပ်ခလစာကို ပေါင်းလိုက်မယ်ဆိုရင် ပေါင် ၉ သိန်းအထိရှိမယ်လို့ Daily Mail က ဆိုတာပါ။ 

ဒေါ့မွန်နဲ့ ဟာလန်းတို့ကြားချုပ်ဆိုထားတဲ့ စာချုပ်ပါသဘောတူညီချက်က ဒီလိုတွေဖြစ်လာစေခဲ့တာပါ။ ၂၀၂၂ မှာ ဟာလန်းကို ခေါ်ယူမယ့်အသင်းတွေအနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ သာ ပေးချေရမယ်ဆိုတဲ့အချက်ရှိနေတာပါ။ ဒါက ဟာလန်းရဲ့ အေးဂျင့်ဟောင်းရွိုင်အိုလာရှိတုန်းက လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး အခုတော့ ဟာလန်းအတွက် တော်တော်လေးကို ကြီးမားတဲ့အကျိုးခံစားခွင့်တွေကို ရရှိနေစေပြီလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာ မန်စီးတီးအတွက် ၁၂ ပွဲသာကစားပေးထားရချိန်မှာ ဟာလန်းက ၁၉ ဂိုးအထိ သွင်းယူပေးထားတာပါ။ ဒါကြောင့်လည်း သူ့ကို ခေါ်ယူမှုက ရာစုနှစ်အတွင်း အကောင်းဆုံးခေါ်ယူမှုတခုလို့တောင်မှ တချို့က တင်စားနေကြပါပြီ။ အခု ဟာလန်းရရှိနေတဲ့ တပတ်တာဝင်ငွေကတနှစ်စာအားဖြင့် ပေါင် ၄၅သန်း၊ သန်း ၅၀ အထိရှိနေပြီး ပရီးမီးယားလိဂ်မှာ ဝင်ငွေအများဆုံးရ ကစားသမားတွေထဲက တဦးလို့တောင် ပြောရပါမယ်။ 

မန်စီးတီးအတွက်လည်း ဟာလန်းလိုကစားသမားအတွက် ပေးချေရမယ့် ဆုကြေးငွေက ပေးရတာတန်တယ်လို့ ပြောရပါမယ်။ အသင်းအတွက် သူ ခြေစွမ်းပြနေတာက မယုံကြည်နိုင်စရာကောင်းအောင်ကို ဖြစ်နေပြီး ရက်သတ္တပတ်တိုင်းမှာ သွင်းဂိုး​တွေ ရရှိနေတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က