ခေါ်ယူနိုင်ပြီလို့ သတင်းထွက်ခဲ့ပေမယ့် ယူနိုက်တက်ကိုရောက်ရှိသွားခဲ့တာပါ။

အစောပိုင်းမှာ တိုက်စစ်မှူးတစ်ဦးလိုအပ်နေတဲ့ မန်စီးတီးက ရော်နယ်ဒိုကို အရခေါ်ယူဖို့ သေချာသွားခဲ့ပြီလို့ သတင်းတွေထွက်ခဲ့တဲ့အထိ ဖြစ်ခဲ့တာပါ။ 


မန်စီးတီးကိုသာ ရော်နယ်ဒိုပြောင်းရွှေ့လာခဲ့မယ်ဆိုရင် တစ်ရာသီကို ဂိုးပေါင်း ၄၀ လောက် သွင်းယူနိုင်လိမ့်မယ်လို့ ဂွာဒီယိုလာဘက်က မျှော်လင့်ခဲ့ကြောင်း စပိန်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Guillem Balague က တွစ်တာမှာရေးသားပြောဆိုခဲ့ပါတယ်။ သူဟာ ရော်နယ်ဒိုနဲ့ မန်စီးတီးတို့ အပြောင်းအရွှေ့ဆွေးနွေးနေပြီလို့ ဖော်ပြခဲ့သူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မန်စီးတီးကိုပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးမှ အချိန်တိုအတွင်းမှာ အရာအားလုံးပြောင်းလဲသွားခဲ့ပြီး အသင်းဟောင်းယူနိုက်တက်ဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ အစောပိုင်းမှာ တိုက်စစ်မှူးတစ်ဦးလိုအပ်နေတဲ့ မန်စီးတီးက ရော်နယ်ဒိုကို အရခေါ်ယူဖို့ သေချာသွားခဲ့ပြီလို့ သတင်းတွေထွက်ခဲ့တဲ့အထိ ဖြစ်ခဲ့တာပါ။ 

အဆိုပါသတင်းတွေထွက်ပေါ်နေချိန်မှာပဲ ယူနိုက်တက်က ကြားဝင်လှုပ်ရှားခဲ့ပြီး နာရီအနည်းငယ်အတွင်း အပြောင်းအရွှေ့ကို အကောင်အထည်ဖော်သွားခဲ့ပါတယ်။ ရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ်ကို ပေါင်သန်း ၂၀ ပေးချေခဲ့ရပြီး ၂နှစ်စာချုပ်နဲ့ တစ်နှစ်သက်တမ်းတိုးခွင့်သဘောတူညီချက်နဲ့ ခေါ်ယူနိုင်ခဲ့ကာ မနက်ဖြန်ကစားမယ့် နယူးကာဆယ်နဲ့ပွဲကို ပါဝင်ကစားပေးဖွယ်ရှိနေပါတယ်။

မန်စီးတီးကတေ့ာ တိုက်စစ်မှူးအဖြစ်ဂျီးဆပ်တစ်ဦးတည်းသာ အသင်းမှာရှိနေတာဖြစ်ပါတယ်။ ၀ါရင့်တိုက်စစ်မှူးအဂူရိုက ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီး မက်ဆီ နဲ့ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ သတင်းကြီးခဲ့ပေမယ့်လည်း နှစ်ဦးစလုံးက ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့ဆီ အသီးသီးရောက်ရှိခဲ့ပြီး ဂွာဒီယိုလာကတော့ နာမည်ကြိးထမင်းငတ်ဖြစ်ခဲ့ရပါတယ်။ 

Share

က္က