ရီးရဲလ်ကို အနိုင်ယူမယ်လို့ ပြောတာတွေကို အေးဆေးတုံ့ပြန်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူတိုနီခရူးစ်က သူတို့အသင်းကို မန်ချက်စတာစီးတီးက ဖျက်ဆီးပစ်မယ်လို့ ပြောဆိုခဲ့တဲ့ ဝိန်းရွန်နီရဲ့ ပြောစကားအပေါ်မှာ တုံ့ပြန်မှုတွေလုပ်သွားခဲ့ပါတယ်။ ဒီနေ့ကစားမယ့် ပွဲမတိုင်ခင်မှာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရွန်နီက မန်စီးတီးကို အလေးပေးခဲ့ပြီး အနိုင်ရရုံတင်မဟုတ်ဘဲ ဖျက်ဆီးပစ်နိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။ 

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်တုန်းကလည်း ဒီလိုအဆင့်မှာပဲ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ဒီတုန်းကလည်း မန်စီးတီးက ရီးရဲလ်ကို ကျော်ဖြတ်လုနီးပါးဖြစ်ခဲ့ပြီးမှ နာကျင်အချိန်ပိုသွင်းဂိုးတွေကြောင့် အချိန်ပိုဆက်ကစားကာ အရေးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲတက်ခွင့်နဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။ 

ခရူးစ်က "ရွန်နီရဲ့ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို ဖျက်ဆီးပစ်မယ်ဆိုတာလား၊ မနှစ်ကလည်း လူတိုင်းနီးပါးက ကျနော်တို့ အနိုင်ရမှာမဟုတ်ဘူးလို့ မျှော်လင့်ခဲ့ကြတာပါ၊ ဒါပေမယ့် ကျနော်တို့ လုပ်ပြနိုင်ခဲ့ပါတယ်၊ ဒီတခါလည်း ထပ်လုပ်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ကျနော်တို့ မနှစ်ကဆို ဆုဖလားတောင်မှ သိမ်းပိုက်နိုင်ခဲ့တာပါ"

"သူတို့မှာ ဟာလန်းရှိနေပြီး ဒီရာသီမှာ ၅၁ ဂိုးတောင် သွင်းထားတာပါ၊ ဒီတော့ ကျစ်လစ်တဲ့ ခံစစ်လိုအပ်ပါတယ်၊ အသင်းနဲ့ ခံစစ်ပိုင်းကို ကျနော်ယုံကြည်ပါတယ်၊ သူ့ကို တားဆီးနိုင်မှာပါ၊ သူက တပွဲကို ၃ဂိုး၊ ၄ဂိုးလောက် သွင်းနေတဲ့သူပါ၊ ကျနာ်တို့ ဒီလိုပွဲမျိုးတွေ အများကြီးကစားခဲ့ဖူးပြီး အတွေ့အကြုံလည်းရှိပြီးသားပါ"လို့ ပြောဆိုခဲ့ပါတယ်။ 

ပထမအကျော့ကိုတော့ ဘာနေဗျူးမှာ ကစားရမှာဖြစ်ပြီး မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားနဲ့ ရိုဒရီတို့ကတော့ ရီးရဲလ်ကို လက်စားချေဖို့အတွက် ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ 

Share

Loading Next Article...
က္က