ဒီညမှာ ကစားမယ့် လီဗာပူးနဲ့မန်စီးတီးပွဲအတွက် ပေါလ်မာဆင်က လီဗာပူးကို သတိပေးသွားခဲ့တာပါ။

အာဆင်နယ်ကစားသမားဟောင်း ဘောလုံးဝေဖန်သုံးသပ်ရေးသမားတစ်ယောက်ဖြစ်တဲ့ ပေါလ်မာဆင်က ဒီည မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် လီဗာပူးရဲ့တိုက်စစ်ပိုင်းနဲ့ခံစစ်ပိုင်းကို ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။

လီဗာပူးနဲ့မန်စီးတီးတို့ဟာ ဒီည မြန်မာစံတော်ချိန်၊ ည (၁၀) နာရီ၊ လီဗာပူးအိမ်ကွင်း အန်ဖီးလ်မှာ ရင်ဆိုင်ကြမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ဖြုန်းတီးမှုတွေများလွန်းတဲ့ လီဗာပူးတိုက်စစ်နဲ့ ယိုယွင်းမှုတွေရှိနေတဲ့ လီဗာပူးခံစစ်ကို ပေါလ်မာဆင်က ထောက်ပြဝေဖန်ခဲ့တာပါ။

ပေါလ်မာဆင်က “လီဗာပူးက ကျစ်လျစ်တဲ့အသင်းတစ်သင်းပါ။ ဂိုးတွေလည်းသွင်းနေတယ်ဆိုပေမယ့် သူတို့က ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖြုန်းတီးမှုအများဆုံးအသင်းတွေထဲကတစ်သင်းဖြစ်နေပါသေးတယ်။ ဆာလာက မယုံနိုင်လောက်အောင် ကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် သူလည်းဖြုန်းတီးမှုတွေရှိနေဆဲပါ”

“ရမှတ်အချို့က ရာသီကုန်ချိန်မှာ အဆုံးအဖြတ်ဖြစ်လာနိုင်ပါတယ်။ ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့လို အသင်းတွေအနေနဲ့ အခွင့်အရေးကောင်းတွေကို ဒီလောက်အထိ လက်လွှတ်မခံသင့်ပါဘူး။ လိဒ်စ်နဲ့ပွဲမှာ (၇) ဂိုး၊ (၈) ဂိုးလောက်အထိ သွင်းလို့ရခဲ့ပေမယ့် မသွင်းနိုင်ခဲ့ပါဘူး။ မန်စီးတီးနဲ့ပွဲမှာ သူတို့ပွဲကို စတင်ဦးဆောင်နိုင်သင့်ပါတယ်။ လီဗာပူးမှာ မန်စီးတီးထက် အဆုံးသတ်ပိုကောင်းတဲ့ ကစားသမားတွေရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးရဲ့ခံစစ်ပိုင်းနဲ့ပတ်သက်လို့လည်း ပေါလ်မာဆင်က “လီဗာပူးခံစစ်အတွက် ဗန်ဒိုက်ချ် ဒီရာသီမှာ ပြန်လာနိုင်ခဲ့တာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် သူတို့ခံစစ်က အရမ်းပွင့်လွန်းပြီး အေစီမီလန်ကလည်း ပြီးခဲ့တဲ့အပတ်က (၂) ဂိုးသွင်းသွားပါသေးတယ်။ ပဲလေ့စ်လည်း ဂိုးတွေရခဲ့သင့်ပါတယ်”

“ခံစစ်ကစားသမားတွေအကြား နေရာယူတာ ကျဲလွန်းပြီး ဒါက ပြဿနာဖြစ်စေပါတယ်။ သူတို့နောက်တန်းက အားနည်းချက်တွေရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဗန်ဒိုက်ချ်ကိုကြည့်ရတာလည်း ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဝပုံမပေါ်သေးပါဘူး။ တစ်ယောက်ချင်း ရင်ဆိုင်တွေ့တဲ့နေရာတွေမှာ သူ ရုန်းကန်နေရတုန်းပါ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့တဲ့ ဒီနေ့ပွဲဟာ အမှတ်ပေးဇယားထိပ်ပိုင်းရပ်တည်ချက်အတွက် အရေးပါနေပြီး သရေသာကျခဲ့မယ်ဆိုရင် ချဲလ်ဆီးကသာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်သွားမှာဖြစ်ပါတယ်။  

Share

က္က