ချယ်လ်ဆီးဟာ အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ဖို့နဲ့ မန်စီးတီးနဲ့အမှတ်ကွာဟနေမှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အရေးပါတဲ့ပွဲစဉ်လည်း ဖြစ်လို့နေပါတယ်။ 


ဒီနေ့ကစားရမယ့် မန်စီးတီးနဲ့ပွဲစဉ်မှာ အသင်းရဲ့အဓိကကစားသမားနှစ်ဦး လွဲချော်မယ်လို့ ချယ်လ်ဆီးနည်းပြသောမတ်စ်တူချယ်လ်က ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးဟာ အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ဖို့နဲ့ မန်စီးတီးနဲ့အမှတ်ကွာဟနေမှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အရေးပါတဲ့ပွဲစဉ်လည်း ဖြစ်လို့နေပါတယ်။ 

ဒါပေမယ့်လည်း ဒီပွဲမှာ ပူလီဆစ်က ထပ်မံလွဲချော်ဦးမှာဖြစ်သလို မေဆန်မောင့်ကလည်း ကာရာဘောင်းဖလားပွဲမှာ အသေးစားဒဏ်ရာရရှိခဲ့တာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တူချယ်လ်က ပြောဆိုခဲ့ပါတယ်။ ဒီအတွက်ကြောင့် ချယ်လ်ဆီးတိုက်စစ်ပိုင်းအတွက် အနည်းငယ်တော့ စိုးရိမ်စရာကောင်းနေပြီး ဘယ်လိုဗျူဟာတွေကို တူချယ်လ်အသုံးပြုသွားမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။


တူချယ်လ်က "ပူလီဆစ်ကတော့ ကစားနိုင်ဦးမှာမဟုတ်ပါဘူး၊ မေဆန်မောင့်လည်း အတူတူပါပဲ၊ ဗီလာနဲ့့ပွဲမှာ သူ အသေးစားဒဏ်ရာရခဲ့ပြီး အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ပွဲက အချိန်အရမ်းကပ်နေခဲ့ပါတယ်၊ မန်ဒီကတော့ ပါဝင်ကစားနိုင်မှာဖြစ်ပြီး သူ ပွဲထွက်ပါလိမ့်မယ်၊ မေဆန်မောင့်က အရမ်းစိတ်ပျက်နေပြီး ဗီလာနဲ့ပွဲမှာ သူ ဒဏ်ရာရခဲ့တယ်လို့ ကျွန်တော်မထင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ဒုတိယပိုင်းမှာဖြစ်ပြီး သူ ဒဏ်ရာနဲ့လည်း ကစားနိုင်ခဲ့လို့ပါ"

"ပွဲအပြီးမှာဆိုလည်း သူ ပင်နယ်တီကန်သွင်းဖို့တောင် ယုံကြည်ချက်အပြည့်ရှိခဲ့ပါတယ်၊ အရမ်းအံ့အားသင့်စရာပါပဲ၊ တကယ်လို့သာ ဒီပွဲက နောက်တစ်ရက်လောက်မှ ကန်ရမယ်ဆိုရင် သူ ကစားနိုင်မှာပါ၊ အသေးစားဒဏ်ရာဆိုပေမယ့် သူက အားထားရတဲ့ကစားသမားဖြစ်နေလို့ သေချာစစ်ဆေးမှုတွေပြုလုပ်ပြီး အမြန်ဆုံးပြန်ကစားနိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

တူချယ်လ်ကတော့ ချယ်လ်ဆီးကိုရောက်လာပြီးနောက် ဂွာဒီယိုလာကို ၄ပွဲတိတိ အနိုင်ယူထားတဲ့နည်းပြဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အလဲထိုးခဲ့မှုက အထင်ရှားဆုံးဖြစ်ပါတယ်။ ဂွာဒီယိုလာအတွက်လည်း ဒီပွဲက ရှိသမျှအကြွေးအားလုံးကို အတိုးရောအရင်းပါ ပေါင်းပြီဆပ်ရမယ့်ပွဲဖြစ်နေလို့အကြိတ်အနယ်ဖြစ်လာမယ့် ပွဲဆိုတာကတော့ သေချာနေပါတယ်။

Share

Loading Next Article...
က္က