ဒီထက်မက ဂိုးပေးခဲ့ရသင့်တာလို့ ယုံကြည်နေတာပါ။

မန်စီးတီးကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က သူတို့အသင်းအနေနဲ့ ဂိုးရလဒ်ဒီလောက်လေးနဲ့ပဲ အရေးနိမ့်ခဲ့တာ ကံကောင်းတယ်လို့ ပြောဆိုလိုက်ပါတယ်။ မိုဟာမက်ဆာလာရဲ့ သွင်းဂိုးနဲ့ လီဗာပူးလ်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မန်စီးတီးက ချေပဂိုးပြန်သွင်းခဲ့ကာ ဒုတိယပိုင်းမှာ အနိုင်ဂိုး ၃ ဂိုးအထိ ထပ်မံသွင်းယူခဲ့ပြီး အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲကို ရယူသွားခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးလ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးလ်က အဆင့် ၈ နေရာအထိ ရောက်ရှိနေကာ အဆင့် ၄ နေရာနဲ့ ၇ မှတ်အထိ ကွာဟနေပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့်အတွက်ကိုပဲ လီဗာပူးလ်တို့ ပိုအာရုံစိုက်ရဖွယ်ရှိနေပြီး အဆင့် ၄ အတွင်း ဝင်ဖို့က တော်တော်လေးခက်ခဲလာပြီဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ကလော့ပ်က "အရေးပါတဲ့ ဧရိယာတွေက ရှင်းပါတယ်၊ ဒါကို မထိန်းချုပ်နိုင်ဘူးဆိုရင် ပြသနာတွေရှိနေမှာပါပဲ၊ ပထမဂိုးကို ကွင်းလယ်မှာ open ball ကနေ ပေးလိုက်ရတယ်၊ ဘာမှကို မလုပ်နိုင်ခဲ့ပါဘူး၊ သူတို့ကစားသွားတာ အရမ်းကောင်းပါတယ်၊ ၂-၁၊ ၃-၁ တွေဖြစ်အောင်လည်း သူတို့ လုပ်နိုင်ခဲ့ပြီး ကျနော်တို့ ဘောလုံးအရယူနိုင်ခဲ့သင့်ပေမယ့် မလုပ်နိုင်ခဲ့ဘူး၊ မဖြစ်နိုင်ပေမယ့် ဖြစ်သွားခဲ့ပါတယ်"

"မန်စီးတီးက သူတို့လိုချင်တာကိုရအောင် လုပ်သွားပြီး ကျနော်တို့ကို နောက်ကနေပဲ လိုက်နေစေခဲ့တာပါ၊ သူတို့ ဒီထက်ပိုပြီးတော့ လောဘမကြီးတာပဲ ကျနော်တို့ကံကောင်းခဲ့ပါတယ်၊ လေးလုံးမြောက်ဂိုးရပြီးနောက်ပိုင်းမှာ သူတို့ ကျေနပ်သွားခဲ့ပါတယ်" လို့ ပြောဆိုခဲ့ကာ ၄ဂိုးထက် ပိုမပေးခဲ့ရတာကိုပဲ ကျေးဇူးတင်တဲ့ ပုံစံမျိုးမှာ ရှိနေခဲ့ပါတယ်။ 

လီဗာပူးလ်ဟာ ချေပဂိုးပေးလိုက်ရပြီးနောက် ကစားပုံကျသွားခဲ့သလို ဒုတိယပိုင်းစစချင်းမှာပဲ ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် မန်စီးတီးရဲ့ ပွဲကိုထိန်းချုပ်တာကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ချေပဂိုးပြန်ရဖို့ မလုပ်နိုင်ခဲ့တော့ဘဲ အနိုင်ဂိုးတွေထပ်ပေးခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က