မန်စီးတီးနဲ့ ကွာတားဖိုင်နယ် ကစားရတော့မှာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အပေါ် စိုးရိမ်စိတ်မရှိဘဲ အကောင်းမြင်စိတ်ပဲရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်တွေ မဲခွဲတဲ့နေရာမှာ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့ခဲ့တာပါ။



ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ သုံးနှစ်ဆက်တိုက် ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ရှေ့တစ်နှစ်မှာ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို နောက်ကျဂိုးတွေနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာလည်း ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာတော့ မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့သမိုင်းတစ်လျှောက် ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့ပါတယ်။
အခု ဒီနှစ် ကွာတားဖိုင်နယ်မှာလည်း ထပ်မံထိပ်တိုက်တွေ့ဆုံနေကြပြီး ဒီအပေါ်မှာ အန်ဆယ်လော့တီက ဖွင့်ဟလာခဲ့တာပါ။ အန်ဆယ်လော့တီက “ကွာတားဖိုင်နယ်မဲခွဲပြီးတဲ့နောက် မန်စီးတီးဘက်က စိုးရိမ်နေမလား ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ စိုးရိမ်ပူပန်မှုမရှိပါဘူး”
“အကောင်းမြင်စိတ်ပဲရှိပါတယ်။ ကျွန်တော်တို့ မန်စီးတီးကို ယုံကြည်ချက်အပြည့်နဲ့ ရင်ဆိုင်မှာပါ။ ပထမတစ်နှစ်မှာ ကျွန်တော်တို့ နိုင်တယ်။ နောက်တစ်နှစ်ကျတော့ သူတို့ ပြန်နိုင်ပါတယ်။ အခု ဒီနှစ်တော့ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က