အက်ဖ်အေဖလားဆီမီးပွဲကစားရမှာပါ။

အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာက ပိုကောင်းတယ်လို့ ကိုဗင်ထရီညာနောက်ခံလူ မီလန်ဗန်အီဝှစ်ဂျ်က ပြောဆိုလိုက်ပါတယ်။ ချန်ပီယံရှစ်ကလပ်ဟာ ၀ုလ်ကို အံ့အားသင့်ဖွယ်ရာ အနိုင်ယူပြီးတော့ ဒီအဆင့်ကို တက်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

အက်ဖ်အေဖလားမှာ ကျန်ရစ်တဲ့ တခုတည်းသာ ချန်ပီယံရှစ်အသင်းလည်းဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲအဖြစ် ဝင်ဘလေမှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာပါ။ ကိုဗင်ထရီပရိသတ်တွေကလည်း ဒီပွဲအတွက် သူတို့မှာ မျှော်လင့်ချက်ရှိတယ်လို့ ယူဆထားပြီး ယူနိုက်တက်ကို အနိုင်ယူနိုင်တာမျိုး ဖြစ်လာဖို့ကို ပစ်မှတ်ထားနေကြပါတယ်။ 

"ကျနော်ကတော့ အက်ဖ်အေဖလားဆီမီးမှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာကို သဘောကျတယ်၊ မန်စီးတီးနဲ့ဆိုရင် ခင်ဗျားအတွက် ဘာအခွင့်အရေးမှရှိမှာမဟုတ်ပါဘူး၊ ကျနော်လေးစားသမှုနဲ့ပြောတာပါ၊ ယူနိုက်တက်က ထိပ်တန်းအသင်းတသင်းဆိုပေမယ့် သူတို့ကစားတာ အဆင်မပြေတဲ့ပွဲတွေ အများကြီးရှိခဲ့ပါတယ်၊ ဒါက ကျနော်တို့အတွက် အခွင့်အရေးဖြစ်လာနိုင်ပါတယ်" လို့ မီလန်က ပြောခဲ့ပါတယ်။ 

ကိုဗင်ထရီနဲ့ ယူနိုက်တက်ဟာ နောက်လထဲမှာ ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်တော့ အက်ဖ်အေဖလားက ဒီရာသီမှာ သူတို့ရယူနိုင်ဖို့ မျှော်လင့်နိုင်တဲ့ တခုတည်းသော ဆုဖလားဖြစ်ပါတယ်။ ဒီရာသီမှာ ပုံမှန်ခြေစွမ်းမရှိဖြစ်နေခဲ့တဲ့ ယူနိုက်တက်ဟာ ကွာတားဖိုင်နယ်မှာ လီဗာပူးလ်ကို နောက်ကျသွင်းဂိုးနဲ့ အနိုင်ယူပြီး နောက်ကောက်ချပစ်ခဲ့တာပါ။ 

Share

Loading Next Article...
က္က