Puma က ဖိနပ်စာချုပ်ချုပ်ဖို့ အားထုတ်နေပြီဖြစ်ပါတယ်။

လာမယ့်ရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့တော့မယ့် တိုက်စစ်မှူးဟာလန်းကတော့ အသင်းသစ်ကို မရောက်ခင်မှာပဲ ပွပေါက်တိုးဖို့ဖြစ်လာခဲ့ပါပြီ။ အဲဒါကတော့ မန်စီးတီးကို ဂျာစီစပွန်ဆာပေးထားတဲ့ အားကစားကုမ္ပဏီ Puma နဲ့ ပေါင်သန်း ၅၀ အထိ တန်ကြေးရှိတဲ့ ဖိနပ်စာချုပ်ကို ချုပ်ဆိုနိုင်ဖွယ်ရှိနေပြီလို့ Daily Mail က ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ 

ဟာလန်းကို ဖိနပ်စာချုပ်ချုပ်ဆိုဖို့အတွက် Adidas နဲ့ Puma တို့ အပြိုင်ကြိုးစားနေတယ်လို့ သိရပြီး ကစားသမားဘက်က Puma ကို ရွေးချယ်ဖို့ ပိုအလေးသာနေတယ်လို့ သိရပါတယ်။ Puma ဟာ မန်စီးတီးနဲ့လည်း ၁၀ နှစ် စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး နည်းပြဂွာဒီယိုလာကိုလည်း အားကစားဝတ်ဆုံနဲ့ ဖိနပ်တွေ ရောင်းအားမြှင့်တင်ဖို့အတွက်လည်း စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ 

ဟာလန်းနဲ့ Nike တို့ ချုပ်ဆိုထားတဲ့ စာချုပ်ကတော့ လာမယ့်ရာသီအစမှာပဲ ကုန်ဆုံးတော့မှာဖြစ်ပြီး Puma က လက်ဦးမှုရယူဖို့အတွက် အားထုတ်နေတာလည်းဖြစ်ပါတယ်။ Puma ရဲ့ ပိုင်ရှင်ဖြစ်သူ Bjorn Gulden ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဟာလန်းကို စာချုပ်ချုပ်ချင်တယ်လို့ ပြောဆိုထားခဲ့ပြီး အခုအခါမှာတော့ အမှန်တကယ်လုပ်ဆောင်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ 

တကယ်လို့သာ ဟာလန်းက စာချုပ်ချုပ်နိုင်ခဲ့မယ်ဆိုရင် နေမာ၊ မက်ဆီနဲ့ ရော်နယ်ဒိုတို့လို ဖိနပ်စာချုပ်ကနေ ဝင်ငွေအများအပြားရသူဖြစ်လာမှာပါ။ နေမာက Puma နဲ့ စာချုပ်ချုပ်ထားပြီး ပေါင် ၂၃ သန်းအထိ ရရှိထားသလို မက်ဆီကလည်း Adidas နဲ့ ပေါင် ၁၈ သန်း၊ ရော်နယ်ဒိုက Nike နဲ့ ပေါင် ၁၅ သန်းအထိ ရရှိထားခဲ့တာဖြစ်ပါတယ်။ 

ဟာလန်းဟာ မန်စီးတီးမှာ တပတ်လုပ်ခပေါင် ၃၈၅၀၀၀ အထိ ရရှိမယ်လို့လည်း သိရပြီး စပွန်ဆာစာချုပ်တွေကနေလည်း ငွေကြေးအများအပြားရရှိလာဦးမှာဖြစ်ပါတယ်။ ဒ​ေါ့မွန်အတွက် ၈၉ ပွဲကစားပေးပြီး ၈၆ ဂိုးအထိ သွင်းယူပေးခဲ့ကာ မနေ့က သူ့ရဲ့နောက်ဆုံးပွဲမှာလည်း ပင်နယ်တီကတဆင့် တဂိုးသွင်းနိုင်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က