ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက မန်စီးတီးတို့ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို မဆွတ်ခူးနိုင်တော့ဘူးလို့ ဟောကိန်းထုတ်လိုက်ပါတယ်။ မန်စီးတီးဟာ မနေ့ညက စပါးကို အိမ်ကွင်းမှာ သုံးဂိုးစီသရေကျခဲ့တာပါ။
ဒါဟာ မန်စီးတီးအတွက်တော့ ပရီးမီးယားလိဂ်မှာ (၃) ပွဲဆက်တိုက် သရေကျခဲ့တာဖြစ်ပြီး ချဲလ်ဆီး၊ လီဗာပူး၊ အခု စပါးတို့နဲ့ ဆက်တိုက် သရေကျခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိမှာ အာဆင်နယ်က မန်စီးတီးထက် (၃) မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။
လက်ရှိ ချန်ပီယံ မန်စီးတီးရဲ့ ဒီရာသီ အလားအလာနဲ့ ပတ်သက်လို့ ရွိုင်ကိန်းက “မန်စီးတီးကို ဆန့်ကျင်ပြီး ကျွန်တော် လောင်းကြေးမထပ်ရဲပါဘူး။ ဒါပေမယ့် ဒီရာသီ မန်စီးတီး ပရီးမီးယားလိဂ်ကိုရဖို့အတွက် ကျွန်တော် စတင် သံသယဝင်လာပါပြီ”
“အရင်တုန်းက လေးနှစ်ဆက် ရဖူးတာမျိုး မရှိလို့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအဆင့်အတန်း၊ ဒီလိုဆာလောင်မှု၊ စိတ်ဆန္ဒ၊ဒဏ်ရာအနည်းငယ်တွေနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အာဆင်နယ်နဲ့ လီဗာပူးတို့ကတော့ ကျွန်တော် စောင့်ကြည့်ရတဲ့ အသင်းတွေပါပဲ”
“အထူးသဖြင့် အာဆင်နယ်ရဲ့ သန်မာမှု၊ ကစားသမားအင်အား၊ ပြီးခဲ့တဲ့နှစ်က သူတို့ရခဲ့တဲ့ အတွေ့အကြုံတွေအရပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်လျက်ရှိပါတယ်။