စပွန်ဆာစာချုပ်တွေကိုလည်း လိမ်လည်ထားတယ်လို့ ဆိုပါတယ်။

မန်စီးတီးရဲ့ ဥပဒေအကြံပေးဟောင်း စတီဖန်ဘော်ဆင်က လက်ရှိမှာ မန်စီးတီးကို စွဲချက်တင်ထားတဲ့ ပြစ်မှုတွေကိုသာ အခိုင်အမာ သက်သေပြနိုင်ခဲ့ရင် မန်စီးတီးတို့​ တန်းဆင်းရနိုင်ကြောင်း ဆိုပါတယ်။ မန်စီးတီးဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တာကြောင့် အခုလိုပဲ စွဲချက်တင်ခံရတာပါ။



မန်စီးတီးကို စွဲချက်တင်ထားတဲ့ အမှုပေါင်းက (၁၁၅) မှုအထိ ရှိပြီး ပြစ်ဒဏ်ထင်ရှားခဲ့မယ်ဆိုရင် တော်တော်လေး ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အသင်းရဲ့ ဥပဒေအကြံပေးဟောင်း ဘော်ဆင်ကလည်း “အခု သတ်မှတ်ချက်တွေက လုံးဝကို မတူကွဲပြားတဲ့ အဆင့်တစ်ခုကို ရောက်နေပါတယ်”

“ဒီအတွက် ဘာမှမေးခွန်းထုတ်စရာမရှိပါဘူး။ တကယ်လို့သာ ဒီစွဲချက်တွေ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးက အနည်းဆုံးတော့ တန်းဆင်းရပါလိမ့်မယ်။​ ဒါက (၁၀) နှစ်တာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ ပြောတာပါ။ မန်စီးတီးရဲ့ အဓိက စပွန်ဆာ စာချုပ်တန်ဖိုးတွေက အများထင်နေသလို ပေါင်သန်း (၅၀)၊ (၆၀) မဟုတ်ပါဘူး”

“တကယ့်လက်တွေ့မှာ (၈) သန်းလောက်ပဲရှိတာပါ။ လူအများအပြားကို ဒီအချက်အလက်တွေက လိမ်ညာခဲ့တာပါ။ အသင်းအနေနဲ့လည်း မတူညီတဲ့ အဖွဲ့အစည်းတွေ၊ လူတွေ၊ ယူအီးအက်ဖ်အေနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ကိုလည်း လိမ်ညာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ မန်စီးတီးအပြင် အခြားသော ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ အဲဗာတန်၊ နော်တင်ဟမ်ဖောရက်စ်တို့ကလည်း ဘဏ္ဍာရေးစည်းကမ်းတွေကို ချိုးဖောက်ခဲ့မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ အဲဗာတန်ဟာ ဒီရာသီအတွင်းမှာတင် ဒီပြဿနာကြောင့် (၁၀) မှတ်လျှော့ပြစ်ဒဏ် ကျခံရပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က