အာဆင်နယ်နည်းပြ အာတီတာကတော့ သူတို့အသင်းဟာ အမှတ်ပေးဖလားကို လက်မလွှတ်ရသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမယ့် မျှော်လင့်ချက်ကို အာတီတာက လက်မလျှောသေးတာဖြစ်ပြီး မန်စီးတီးက ဖလားရပြီဆိုတာကို အတည်ပြုနိုင်တော့မှသာ လက်ခံသွားဖွယ်ရာရှိနေပါတယ်။
မန်စီးတီးဟာ လာမယ့်ပွဲကို အနိုင်ကစားတာနဲ့ အမှတ်ပေးဖလားကို ရယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ မန်စီးတီးက ချယ်လ်ဆီးနဲ့ ကစားသွားရမှာဖြစ်ပြီး လက်ရှိခြေစွမ်းပိုင်းအရတော့ သေချာပေါက်အနိုင်ရမှာဖြစ်ပြီး အီတီဟတ်မှာ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်နဲ့ အောင်ပွဲခံဖို့ ရှိနေပါတယ်။
ဒါပေမယ့် အာတီတာကတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်မတိုင်ခင်မှာ "ကျနော်တို့က ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေတုန်းပါ၊ ၂ပွဲကစားဖို့အတွက် ရှိနေပါသေးတယ်၊ ၁၀ လကြာအောင် ကျနော်တို့ ဒီလိုနေရာမှာ ရှိနေခဲ့တာပါ၊ ၂ပွဲကျန်ပါသေးတယ်၊ ကျနော်တို့ လက်လွှတ်ရသေးတာမဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ကျန်နှစ်ပွဲအဖြစ် နော်တင်ဟမ်ဖောရက်စ်၊ ၀ုလ်ဗ်တို့နဲ့ ကစားသွားရမှာလည်းဖြစ်ပါတယ်။ အဆိုပါနှစ်ပွဲစလုံးကို သူတို့အနိုင်ရခဲ့ရင်တောင်မှ မန်စီးတီးက သူတို့ကစားဖို့ ရှိနေတဲ့ ၃ပွဲထဲက ၁ပွဲကို အနိုင်ရတာနဲ့ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မှာလည်းဖြစ်လို့ တကယ်ကို မလွယ်ကူတော့တာဖြစ်ပါတယ်။