မာရက်ဇ်က တစ်ချက်ထိ ပိတ်သွင်းယူပြီး ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဂိုးသမား ကီပါဟာ မန်ချက်တာစီးတီးအသင်းရဲ့ အဖွင့်ဂိုးမှာ တော်တော်လေး ညံ့ဖျင်းခဲ့တဲ့အတွက် ပရိသတ်တွေက စပိန်ဂိုးသမားဟာ တမင်သက်သက်ဂိုးပေးလိုက်တာဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

စတမ်းဖို့ဒ် ဘရစ်ချ်မှာ အဖြစ်အပျက်တွေစုံလင်တဲ့ ပထမပိုင်းအပြီးမှာ အရာအားလုံးက သက်ဝင်လာပြီး မန်စီးတီးက လူစားဝင်ကစားသမားဖြစ်တဲ့ ဂျက်ခ် ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့ ချိတ်ဆက်သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂရီးလစ်ရှ်က ဘယ်တောင်ပံကနေ ဘယ်ခြေနဲ့ ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့ရာမှာ ဂိုးတိုင်နားမှာရှိနေတဲ့ မာရက်ဇ်က တစ်ချက်ထိ ပိတ်သွင်းယူပြီး ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စီးတီးဘက်က ကြည့်ရင် အလွန်ကောင်းမွန်တဲ့ ကစားပုံဖြစ်ပေမယ့်လည်း ပရိသတ်တွေက ကီပါ ဘာလုပ်ခဲ့လဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်ခဲ့ကြပါတယ်။ ဂရီးလစ်ရှ်ရဲ့ ဖြတ်တင်ပေးပို့မှုက အရမ်းမလျင်မြန်ခဲ့ဘဲ စပိန်ဂိုးသမားက ထွက်ဆွဲလို့ရပေမယ့်လည်း ဘောလုံးကို လွှတ်ပေးလိုက်တာဖြစ်ပြီး ကူကူရယ်လာကလည်း တုံ့ဆိုင်းနေခဲ့တာကြောင့် ချဲလ်ဆီးအသင်း အပြစ်ပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

"ဒီဂိုးကို ငါတကယ်ကို စဉ်းစားမရလို့ကီပါကို လုပ်ပွဲကစားတဲ့အတွက် စုံစမ်း စစ်ဆေးပေးပါ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ကီပါက ဘောလုံးကို မရယူဖို့ ရွေးချယ်ခဲ့တာလား။ သူ လုပ်ပွဲများ ကစားခဲ့တာလား"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က