ကမ္ဘာ့အကြီးဆုံးအာမခံကုမ္ပဏီဖြစ်တဲ့ Manulife Myanmar နဲ့ uab ဘဏ် တို့အကြား လက်တွဲဆောင်ရွက်မှုတွေကို ပိုမိုအရှိန်မြှင့်တင်နိုင်ဖို့အတွက် Stronger Together ဆိုတဲ့ ညစာစားပွဲကို Manulife Myanmar မှ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်း ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး အဆိုပါပွဲမှာ စိတ်လှုပ်ရှားပျော်ရွှင်စရာ အစီအစဉ်တွေနဲ့ အတူ အောင်မြင်စွာကျင်းပခဲ့တာဖြစ်ပါတယ်။
အဆိုပါအခမ်းအနားမှာ ပြီးခဲ့တဲ့နှစ်အတွင်း အထူးကြိုးပမ်း အားထုတ်ပေးခဲ့ကြတဲ့ Top Sales Performer များကိုလည်း ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှစ် မတ်လအတွင်း ရောင်းအားအကောင်းဆုံးရှိခဲ့သည့် ဘဏ်ခွဲမန်နေဂျာများ၊ Insurance Specialist များနှင့် Business Development မန်နေဂျာများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
အခမ်းအနားကို Manulife Myanmar ရဲ့ CEO & GM ဖြစ်သူ Mr. Gaurav Sharma၊ uab ဘဏ်ရဲ့ MD & CEO ဖြစ်သူ Mr. Christopher Loh တို့နဲ့အတူ တာဝန်ရှိသူများ၊ ဘဏ်ခွဲမန်နေဂျာများ၊ Insurance Specialist များအပြင် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်ခဲ့တဲ့ လုပ်ငန်းပါတနာများနဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Manulife Myanmar မှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။
တန်ဖိုးဖြတ်မရနိုင်တဲ့မိသားစုဘဝများကို အကာအကွယ်ပေးလျှက်ရှိတဲ့ Manulife Myanmar မှာ Manulife ဘဝအာမခံ၊ Manulife ပညာရေး အသက်အာမခံ၊ Manulife ချေးငွေကာကွယ် အသက်အာမခံ နဲ့ Manulife ပြင်းထန်ရောဂါအာမခံ စတဲ့ မိမိနဲ့ သင့်တော်တဲ့ အာမခံအမျိုးအစားကို ရွေးချယ်ရယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။