ရှုံးရတဲ့ကြားထဲ အာရုံလာနောက်ခံလိုက်ရတာပါ။

ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမား အမာဒူအိုနာနာက သူ့နာမည်ကို ယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာနဲ့ မှားယွင်းခဲ့တဲ့ သတင်းထောက်ကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ ဘယ်လ်ဂျီယံက သူတို့ရဲ့ ယူရိုအုပ်စုအဖွင့်ပွဲမှာ ဆလိုဗက်ကီးယားကို ၀-၁ ဂိုးနဲ့ ရှုံးခဲ့တာပါ။



ဒီပွဲမှာ အိုနာနာကလည်း ဘယ်လ်ဂျီယံကွင်းလယ်မှာ ပွဲထွက်ကစားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်လည်း ခြေစွမ်းမပြနိုင်ခဲ့သလို ဘယ်လ်ဂျီယံကလည်း ရှုံးပွဲကြုံတွေ့ခဲ့ပါသေးတယ်။


ပိုဆိုးတာကတော့ ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တဲ့ နေရာမှာ သူ့ကို ဗြိတိန်သတင်းထောက်က ယူနိုက်တက်ဂိုးသမားနဲ့ နာမည်မှားခေါ်ခဲ့တာပါ။ ယူနိုက်တက်ဂိုးသမားနေရာက အန်ဒရေအိုနာနာဖြစ်ပြီး ဘယ်လ်ဂျီယံကစားသမားရဲ့ နာမည်ကတော့ အမာဒူအိုနာနာပါ။

ဗြိတိန်သတင်းထောက်က အမာဒူအိုနာနာကို “အန်ဒရေ” လို့ သုံးနှုန်းခေါ်ဝေါ်ခဲ့တာဖြစ်ပြီး အမာဒူကတော့ ဒါကို ကျေနပ်ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့်လည်း “ကိုယ့်လူရေ... ငါ့နာမည်မှာ အန်ဒရေတစ်လုံးတောင် မပါဘူးကွာ” လို့ စိတ်ပျက်လက်ပျက်နဲ့ တုံ့ပြန်ခဲ့ပါတယ်။

အမာဒူအိုနာနာဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်မှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေနဲ့ သတင်းထွက်နေတဲ့ ကစားသမားပါ။ အထူးသဖြင့် အာဆင်နယ်က ဒီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အိုနာနာဘက်ကလည်း အဲဗာတန်ကို စွန့်ခွာဖို့ အသင့်ရှိနေပါတယ်။

Share

Loading Next Article...
က္က