ရွိုင်ကိန်းက ကောင်းကောင်းကြီးဝေဖန်ခဲ့တာပါ။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်က ယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုဗင်ထရီက ပရီးမီးယားလိဂ်ကလပ်၊ ယူနိုက်တက်က လိဂ်ချန်ပီယံရှစ်အသင်းလို ကစားခဲ့တယ်လို့လည်း ဝေဖန်ပြောကြားသွားခဲ့ပါတယ်။



မနေ့ညက ဝင်ဘလေမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ယူနိုက်တက်က တွမ်မီနေး၊ မက်ဂွိုင်းရား၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုဗင်ထရီက သုံးဂိုးစလုံးကို ပြန်လည်ချေပနိုင်ခဲ့တာကြောင့် အချိန်ပိုနဲ့ ပင်နယ်တီအထိ ဆက်ကစားခဲ့ရပါတယ်။

ပင်နယ်တီမှာတော့ ကိုဗင်ထရီဘက်က ကစားသမားနှစ်ယောက်အထိ ဂိုးမဝင်ခဲ့ဘဲ ယူနိုက်တက်က ကက်စ်မဲရိုးတစ်ယောက်တည်း ဂိုးမဝင်ခဲ့တာကြောင့် ယူနိုက်တက်က အက်ဖ်အေဖလား ဗိုလ်လုပွဲကို နှစ်ရာသီဆက်တိုက်အဖြစ် တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ရွိုင်ကိန်းက “တချို့ ယူနိုက်တက် ကစားသမားတွေနဲ့ ပရိသတ်တွေဆိုရင် အောင်ပွဲတောင် မခံရဲကြပါဘူး”

“နောက်ဆုံးမှာ သူတို့ နိုင်သွားတာကိုတောင် ရှက်နေကြတာပါ။ ဒီအသင်းကို မြင်လိုက်တိုင်း ကျွန်တော့်အတွက် ဘာမှကို ကြိုက်ချင်စရာ မရှိပါဘူး။ ဦးဆောင်နိုင်စွမ်းနဲ့ ကာရိုက်တာတွေအကြောင်း ပြောလိုက်ရင် ယူနိုက်တက်မှာ ဘာမှမမြင်ရပါဘူး။ ဒီနေ့ပွဲမှာ ကံကောင်းလို့သာ နိုင်သွားတာပါ”


“အချိန်ပိုမှာဆိုရင် ကိုဗင်ထရီက ပရီးမီးယားလိဂ်အသင်းလိုမျိုး၊ ယူနိုက်တက်က လိဂ်ချန်ပီယံရှစ်အသင်းလိုမျိုး ကစားသွားခဲ့တာပါ။ ယူနိုက်တက်က ရှေ့ဆက်ဖို့ကို ပြဿနာကြီးနေပါပြီ။ ဒါပေမယ့် ဒီနေ့တော့ သူတို့အလုပ် သူတို့ ပြီးသွားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က