လီဗာပူးနည်းပြကြီး ယာဂင်ကလော့ပ်က ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲအပြီး သတင်းထောက်နဲ့ အင်တာဗျူးမှာ အဆင်မပြေဖြစ်ခဲ့ပြီး ထွက်သွားခဲ့ကြောင်း သိရှိရပါတယ်။ အိုးထရက်ဖို့ဒ်မှာ မိနစ် (၁၂၀) အထိ ကစားပြီးခဲ့တဲ့နောက် လီဗာပူးတို့ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရတာပါ။
ဒီပွဲအပြီးမှာ သတင်းထောက်က “ပုံမှန်အားဖြင့်ဆိုရင် ပြင်းထန်မှုက ခင်ဗျားရဲ့ပွဲအတွက် နာမည်တစ်ခုပဲလေ။ ဒါပေမယ့် အချိန်ပိုရောက်တော့ ဒါက ဘယ်လိုဖြစ်ပြီး အရမ်းကြီး ခက်ခဲသွားခဲ့ရတာလဲ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီအပေါ်မှာ ကလော့ပ်က နုံအတဲ့ မေးခွန်းတစ်ခုအဖြစ် ပြန်လည်တုံ့ပြန်ခဲ့တာပါ။
အဲ့ဒီနောက် စက္ကန့်အနည်းငယ်အကြာမှာပဲ သတင်းထောက်က နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးဖို့ ကြိုးစားခဲ့ပေမယ့် ကလော့ပ်ကတော့ “လုပ်စမ်းပါ။ ခင်ဗျားက ဘယ်လိုမှ ကြီးကျယ်ခမ်းနားတဲ့ပုံစံမှာ မရှိနေဘူး” လို့ ပြောကြားပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ကလော့ပ်ရဲ့ အပြုအမူနဲ့ ပတ်သက်လို့ ဝေဖန်ပြစ်တင်ပြောကြားနေကြပါတယ်။