ကြံ့ခိုင်မှုမပြည့်လည်း ပါသွားနိုင်ခြေရှိနေတာပါ။

ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ အပြီးသတ် လူစာရင်းမှာ ပါဝင်လာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကစားသမားက ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။



ဒါပေမယ့်လည်း ဆောက်ဂိတ်ကတော့ လုခ်ရှောကို ယူရိုပြိုင်ပွဲအတွက် ဆန်ခါတင် ကစားသမားစာရင်းမှာ ရွေးချယ်ထားပါတယ်။ လုခ်ရှောကတော့ လက်ရှိအချိန်မှာ လေ့ကျင့်ခန်း ဆင်းနေပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားနေပါတယ်။

တစ်ဖက်မှာလည်း ယူရိုပြိုင်ပွဲအမှီ ကြံ့ခိုင်မှုပြည့်ဝဖို့က ခက်ခဲနေပြီး ဆောက်ဂိတ်ကတော့ လုခ်ရှောကို နောက်ဆုံးအပြီးသတ် လူစာရင်းမှာ ရွေးချယ်သွားဖွယ်​ရှိနေတာပါ။ အင်္ဂလန်ရဲ့ အပြီးသတ်လူစာရင်းကို ဒီနေ့ညမှာ နောက်ဆုံး ရွေးချယ်ထုတ်ပြန်ရတော့မှာ ဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ဘော့စနီးယားနဲ့ ခြေစမ်းပွဲမှာ ဘယ်နောက်ခံလူနေရာအတွက် ကွန်ဆာ၊ ဂျိုးဂိုးမက်ဇ်၊ ထရစ်ပီယာတို့က စမ်းသပ်သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် သူ့အတွက် ဦးစားပေး ဘယ်နောက်ခံလူကတော့ လုခ်ရှောဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

လက်ရှိ အင်္ဂလန်ရဲ့ ဆန်ခါတင်ကစားသမားစာရင်းမှာလည်း လုခ်ရှောက တစ်ဦးတည်းသော ဘယ်နောက်ခံလူအဖြစ် ပါဝင်လာခဲ့တာပါ။ အဲ့ဒါကြောင့်လည်း လုခ်ရှော ကြံ့ခိုင်မှု မပြည့်ဝသည့်တိုင်အောင် ဆောက်ဂိတ်က ရွေးချယ်လာနိုင်ခြေရှိနေပါတယ်။

Share

Loading Next Article...
က္က