အိမ်က တီဗီကို ဆက်မကြည့်နိုင်တော့လို့ ပိတ်ပစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ကြယ်ပွင့်နောက်ခံကစားသမား အလက်ဇန်းဒါး အာနိုးက မန်ချက်စတာယူနိုက်တက်အသင်း နောက်ထပ်တစ်ကြိမ် ဆုဖလားကိုင်မြှောက်တာ မြင်ရတာက နာကျင်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး တန်ဟက်ရဲ့အသင်းက ကာရာဘောင်းဖလားကို ကိုင်မြှောက်တော့မယ့်အချိန်မှာ အိမ်က တီဗီကို ဆက်မကြည့်နိုင်တော့လို့ ပိတ်ပစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ ယနေ့ည အန်းဖီးမှာ တွေ့ဆုံယှဉ်ပြိုင်သွားကြတော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းကနဲ့မတူဘဲ ဆန့်ကျင်ဘက် ကံတရားကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ အာနိုးက မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ တန်ဟက်လက်အောက်မှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အမြင့်ပျံနေတယ်လို့ ဝန်ခံခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ခြေစွမ်းပိုင်း တည်ငြိမ်မှု ရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ မန်ချက်စတာယူနိုက်တက်နဲ့ ၁၀ မှတ်အကွာကနေတဆင့် ယနေ့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး လီဗာပူးလ်မြို့ဖွား အာနိုးအတွက်တော့ အိုးထရက်ဖို့ဒ်မှာ တန်ဟက်လုပ်ဆောင်နေတဲ့ အံ့အားသင့်စရာအလုပ်တွေကို ကြည့်ရှုဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။

"ကျွန်တော် တွေးမိခဲ့တာက ငါ ဒါကို ကြည့်ဖို့ မဖြစ်နိုင်ဘူး။ သူတို့တွေ ဒီဖလားကို ကိုင်မြှောက်တော့မယ်ဆိုတာကို သိနေပြီမလား။ အဲဒါက နာကျင်ရပါတယ်။ အိုး ဟုတ်တာပေ့ါ။ အဲဒါက ကျိန်းသေပေါက် နာကျင်ရပါတယ်။ "အခုဖြစ်နေတာတွေက ခင်ဗျားကို ဘောလုံးဆိုတာက ဘယ်လောက်အထိ မြန်မြန် ပြောင်းလဲနိုင်လဲဆိုတာကို ပြသနေတာပါ။ အာဆင်နယ်ကို ကြည့်လိုက်ပါ။ ပြီးခဲ့တဲ့ရာသီကုန်မှာ အားလုံးက ထိပ်ဆုံး ၄ နေရာမဝင်ခဲ့တဲ့အတွက် အားလုံးက သူတို့ရဲ့ ကျရှုံးမှုနဲ့ပတ်သက်ပြီး ပြောခဲ့ကြတယ်။ ရုတ်တရက်ဆိုသလိုပဲ သူတို့တွေ ဆုဖလားပြိုင်ပွဲမှာ ဦးဆောင်နေတယ်။ ဘောလုံးစကားနဲ့ ပြောရရင် ဒီလို အပြောင်းအလဲတွေက နေ့ချင်းညချင်း ဖြစ်ပျက်နိုင်ပါတယ်။ ရာသီအစတုန်းကတောင် သူတို့တွေ ဘရန့်တ်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တယ်။ လူတွေဘယ်လောက်များများက 'ထင်ထားတဲ့အတိုင်း ဖြစ်လာပြန်ပြီ'ဆိုပြီး ပြောခဲ့ကြတယ်။ အခု သူတို့တွေ အမြင့်ပျံနေကြပြီ။ အဲဒါက ဖြစ်လာပြီ"လို့ ပြောကြားခဲ့ါတယ်။

Share

Loading Next Article...
က္က