ကြယ်ပွင့်ကစားသမားတစ်ဦးက ကျန်တဲ့သူတွေအားလုံးထက် ထူးခြားတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကာစီမီရိုဟာ မန်ချက်စတာယူနိုက်တက်မှာ ပရီးမီးယားလိဂ်က အကောင်းဆုံးကစားသမားတွေထဲက အချို့နဲ့ အဝတ်လဲခန်းကို မျှဝေနေသူဖြစ်ပေမယ့်လည်း ကြယ်ပွင့်ကစားသမားတစ်ဦးက ကျန်တဲ့သူတွေအားလုံးထက် ထူးခြားတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်းကွင်းလယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့အချိန်တွေကို နှစ်သက်နေသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ပေါင်သန်း ၇၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ကာစီမီရိုဟာ ဘာနေဗျူးမှာ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နဲ့ လာလီဂါဖလား ၃ ကြိမ် အနိုင်ရရှိခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်မှာ နောက်ထပ် ဆုဖလားတွေကို ကိုင်မြှောက်ချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်လူဟာ ယခုရာသီ မန်ချက်စတယူနိုက်တက်အသင်းကို ဆုဖလားစိန်ခေါ်သူတွေအဖြစ် ပြောင်းလဲရာမှာ အကူအညီပေးနေတာကြောင့် လက်တွေ့မကျတဲ့ပန်းတိုင်တော့ မဟုတ်တော့တဲ့ပုံပေါ်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံမန်စီးတီးနဲ့ ၃၅ မှတ်အကွာ အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့ပေမယ့် ယခုရာသီမှာတော့ အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ကာစီမီရိုက ယခုရာသီမကုန်ခင် ဆုဖလားတွေ လက်ဝယ်ပိုင်ဆိုင်ချင်နေတာ ဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ် ပါဝင်နေမှုက ယူနိုက်တက်ကို ကောင်းမွန်တဲ့နေရာမှာ ရပ်တည်စေနိုင်လိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ "မန်ချက်စတာယူနိုက်တက်ကို မလာခင်မှာ ကျွန်တော် တီဗွီကို ဖွင့်ပြီး သူတို့ပွဲတွေကို ကြည့်ခဲ့တယ်။ သူက အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ သူက မန်ချက်စတာယူနိုက်တက်ကို တိုက်စစ်ဆင်နိုင်အောင်နဲ့ ကွင်းလယ်မှာ အသာစီးရအောင် ကူညီပေးနေတဲ့ လူတွေက တစ်ဦးပါ။ သူက အကူးအပြောင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေပါတယ် သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က